Showing posts with label ကစားသမားများ သတင်း. Show all posts
Showing posts with label ကစားသမားများ သတင်း. Show all posts

Friday, December 2, 2011

အဖေ ဖြစ်ချင်နေသည့် မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သူ၏ အိပ်မက် တစ်ခုမှာ အဖေတစ်ယောက် ဖြစ်ရန်ဟု ဖွင့်ဟ၀န်ခံခဲ့သည်။ အသက် (၂၄) နှစ် အရွယ်ရှိ ကစားသမားမှာ ကာလရှည်ကြာစွာ တွဲခဲ့သော ချစ်သူနှင့် ပြန်လည် လက်တွဲခဲ့ပြီးနောက် အင်တာဗျူး တစ်ခုတွင် သူတို့နှစ်ဦးမှာ သားသမီး မွေဖွားနိုင်ကြောင်း ဖွင့်ဟပြောကြား ခဲ့ခြင်းဖြစ်သည်။မက်ဆီက “ကျွန်တော်ဟာ အဖေတစ်ယောက် ဖြစ်ဖို့ ရည်မှန်းထား ပါတယ်။ဘောလုံးလောက ဆိုတာက ပြဿနာတွေ အမြဲတမ်း ဖြစ်နေတာပါ အချိန်မရွေး ကျရှုံးနိုင် ပါတယ်။မိသားစု ရှိရင်တော့ သူတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ အရာအားလုံးကို အလွယ်တကူ ဖြတ်ကျော်နိုင် ပါတယ်”ဟု အာဂျင်တီးနား မီဒီယာ တစ်ခုသို့ ပြောကြားခဲ့သည်။မက်ဆီမှာ တစ်ဦးချင်း ဆုတံဆိပ်များ အပြင် ကလပ် အသင်းနှင့်ပါ အောင်မြင်မှုများစွာ ရယူထားနိုင် ခဲ့သော်လည်း မိသားစု၏ ထောက်ပံ့မှု မရှိပဲ ထိပ်တန်း အဆင့်တွင် ကာလရှည်ကြာစွာ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့ခြင်းလည်း ဖြစ်သည်။
0.messi
ဖခင်တစ်ယောက် ဖြစ်ချင်ကြောင်း ဖွင့်ဟခဲ့သည့် မက်ဆီ  


http://www.soccerweeklytips.com/ မှ တဆင့်ကူးယူတင်ပြသည် ။

Monday, November 28, 2011

လာလီဂါ ပြိုင်ပွဲက မပြီးဆုံးသေးဟု ဗီလာဖွင့်ဟ


ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကစားရမည့် ရီးရဲလ် အသင်းနှင့် အယ်လ် ကလက်စီကို ဒါဘီပွဲစဉ်တွင် အနိုင်ရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
ပြီးခဲ့သော စနေနေ့က ဂီတာဖေး အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဘာစီလိုနာ အသင်းမှာ ရီးရဲလ် အသင်းနှင့် (၆) မှတ်ကွာဟ သွားခဲ့ပြီး ဘာကာ ဂိုးသမား ဗဲလ်ဒက်စ်က သူတို့အသင်းမှာ ချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲသော အနေအထားသို့ ရောက်ရှိသွား ခဲ့ပြီဟု ၀န်ခံပြောကြား ခဲ့သော်လည်း ဗီလာကတော့ ရီးရဲလ် အသင်းနှင့် တွေဆုံးသည့် ပွဲစဉ်တွင် အနိုင်ကစားပြီး အမှတ်ကွာဟမှုကို လျော့ချပစ်ရန် မျှော်မှန်းထားကြောင်း ဖွင့်ဟခဲ့သည်။ဗီလာက “ပြိုင်ပွဲက မပြီးဆုံးသေး ပါဘူး။မကြာခင်မှာ ရီးရဲလ်နဲ့ ကစားရတော့မှာပါ အဲဒီပွဲမှာ ကျွန်တော်တို့ အနိုင် ကစားနိုင်ပါတယ် အဲဒါကိုပဲ ကျွန်တော်တို့ စိတ်ထဲထည့်ထားရမှာပါ”ဟု Barca TV သို့ပြောကြားခဲ့သည်။ဂီတာဖေးအား ရှုံးနိမ့်ခဲ့ရသည့် ပွဲစဉ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရမှာတော့ ဗီလာက ဂီတာဖေး အသင်း၏ ခံစစ် ကစားပုံကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရခြင်း ဖြစ်ပြီး ယခုပွဲ အရှုံးအား နောက်ပွဲတွင် ချေဖျက်ပြမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။
1david villa
ရီးရဲလ်ကို အနိုင် ကစားမည်ဟု ကြုံးဝါးခဲ့သည့် ဗီလာ

http://www.soccerweeklytips.com/   မှ တဆင့်ကူးယူတင်ပြသည် ။

Monday, November 21, 2011

လီယွန်နယ် မက်ဆီသည် ယခုနှစ် အတွင်း ဘာစီလိုနာ အတွက် သွင်းဂိုး(၅၀) ပြည့်မြောက်သွားပြီ

လီယွန်နယ် မက်ဆီသည် ယခုနှစ် အတွင်း ဘာစီလိုနာ အတွက် သွင်းဂိုး(၅၀) ပြည့်မြောက်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

စနေနေ့ ညက ဇာရာဂိုဇာအား ဥရောပ ချန်ပီယံ ဘာစီလိုနာက (၄-၀)ဖြင့် အနိုင် ရခဲ့သော ပွဲစဉ်တွင် မက်ဆီသည် (၂၀၁၁)ခုနှစ်အတွင်း ဘာစီလိုနာ အတွက် ရွှေရတု ဂိုးကို သွင်းယူ ပေးခဲ့သည်။ ထိုပွဲတွင် ဘာစီလိုနာ နည်းပြ ဂျိုးဆက်ဂွာဒီယိုလာ အနေနှင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင်ကို ပွဲထွက် ကစားစေခဲ့သည့် အတွက် မေးခွန်း ထုတ်စရာများ ဖြစ်လာခဲ့သေးသည်။ မက်ဆီသည် အာဂျင်တီးနားတွင် နိုင်ငံ လက်ရွေးစင် အတွက် ပြန်ကစားပြီး ခရီးဝေးမှ ပြန်လာရခြင်း ဖြစ်သည်။ သို့သော်လည်း မက်ဆီက ဂွာဒီယိုလာ၏ အားကိုး အားထားပြုမှုနှင့် ထိုက်တန်စွာ ခြေစွမ်းပြပြီး ယခုရာသီ အတွင်း ၎င်း၏ (၁၅)ဂိုးမြောက် လိဂ်ဂိုးကို သွင်းယူခဲ့သည်။
ဘာစီလိုနာ အတွက် ဂိုး(၅၀)ပြည့်သွားပြီ ဖြစ်သည့် မက်ဆီ

Thursday, October 27, 2011

ကနူတေးအား လူမျိုးရေး ခွဲခြားသည် ဆိုခြင်းအပေါ် Twitter မှတဆင့် ဖာဘရီဂက်စ် တုံ့ပြန်

ဖရက်ဒရစ် ကနူတေးအပေါ် မိမိက လူမျိုးရေး ခွဲခြား စော်ကားခဲ့သည် ဆိုခြင်းကို ဆက်စ် ဖာဘရီဂက်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုသွားသည်။

ဆီဗီးလားနှင့် ဂိုးမရှိ သရေကျသော ပွဲစဉ်တွင် လူမျိုးရေး ခွဲခြားခဲ့ကြောင်း စွပ်စွဲ ခံရသည့် ကိစ္စနှင့် ပတ်သက်၍ မိမိသည် အဆိုပါ လုပ်ရပ်မျိုးကို မည်သည့် အခါမျှ ပြုလုပ်မည် မဟုတ်ကြောင်း ဘာစီလိုနာ ကွင်းလယ် ကစားသမားက ပြောကြားခဲ့သည်။ မာလီ လက်ရွေးစင် ကနူတေးသည် အဆိုပါ ပွဲစဉ်တွင် စပိန် လက်ရွေးစင်နှင့် ငြိခဲ့ပြီးနောက် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ယင်းနှင့် ပတ်သက်ပြီး ဖာဘရီဂက်စ်သည် မိမိအပေါ် လူမျိုးရေး ခွဲခြားခဲ့ကြောင်း ကနူတေးက ဖွင့်ဟ ပြောကြားခဲ့သည်။

လူမျိုးရေး ခွဲခြားသည် ဆိုသည့် စွပ်စွဲချက်အား ငြင်းဆန်လိုက်သည့် ဖာဘရီဂက်စ်

ယခုနှစ် နွေရာသီတွင် အာဆင်နယ်မှ နူးကမ့်သို့ ရောက်ရှိလာသော အသက်(၂၄)နှစ် အရွယ် ဖာဘရီဂက်စ်က Twitterမှတဆင့် မိမိသည် ယင်းကိစ္စနှင့် ပတ်သက်လျင် လုံးဝ ကင်းရှင်းကြောင်း ပရိသတ်များထံ အသိပေးခဲ့သည်။ ဖာဘရီဂက်စ်က “တခြား ကစားသမားတွေလိုပဲ ကျွန်တော်ဟာ စင်းလုံးချော ဖြူစင်နေတဲ့ သူတော်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ဘယ်တော့မှ လူမျိုးရေး ခွဲခြားတဲ့ စကား မပြောဖူးပါဘူး။ လူလူချင်း ခြားနားတဲ့ အမြင်မျိုး ကျွန်တော့်မှာ မရှိခဲ့ပါဘူး”ဟု Twitter တွင် ရေးသား သွားခဲ့သည်။http://www.soccermyanmar.com/ မှ တဆင့် တင်ပြသည်

Tuesday, October 11, 2011

မက်ဆီကြောင့် ခြေစွမ်း ပိုတက်လာကြောင်း ဗီလာဝန်ခံ

မိမိသည် လီယွန်နယ် မက်ဆီကြောင့် ပိုမိုကောင်းမွန် ပြည့်စုံသည့် ကစားသမား တစ်ဦး ဖြစ်ခွင့် ရလာကြောင်း ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ် ဗီလာက ဖွင့်ဟ ပြောကြားလိုက်သည်။

ဘာစီလိုနာမှ အတွဲညီသည့် မက်ဆီနှင့် ဗီလာ


စပိန် လက်ရွေးစင် ဗီလာက (၂၀၁၀) ပြည့်နှစ်တွင် ဗလန်စီယာ အသင်းမှ နူးကမ့် ကွင်းကြီးသို့ ယူရိုသန်း(၄၀)ဖြင့် ရောက်ရှိလာပြီး ကတည်းက အသင်းဖော် မက်ဆီကြောင့် များစွာ တိုးတက်မှုများ

Tuesday, October 4, 2011

ဘာကာအသင်းကို နိုင်ချင်ရင် သူတို့ဆီက ပြန်လည်သင်ယူရပါ့မယ် -Rooney

နောက်ဆုံးသုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် နှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံး အရှုံးပေးခဲ့ရသော မန်ယူအသင်း၏ တိုက်စစ်မှူး ၀ိန်းရူနေက မိမိတို့အနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းနှင့် ထပ်မံတွေ့ဆုံခဲ့ပါက သူတို့ထံမှ ကစားနည်းကို မသင်ယူမိလျှင် မည်သည့်နည်းနှင့်မျှ အနိုင်ရနိုင်ဖွယ် မရှိကြောင်း ပြောကြားသွားခဲ့သည်။

Rooney က "သူတို့ရဲ့ ဘောလုံးအထိန်းအသိမ်း၊ သူတို့ရဲ့ ဘောလုံးစွမ်းရည်၊ သူတို့ရဲ့ passing game တွေကြောင့် ဘာစီလိုနာအသင်းရဲ့ ကစားပုံတွေဟာ စွဲမက်ဖွယ် ဖြစ်နေသလို ဘောလုံးပရိတ်သတ် အတော်များများက နှစ်သက်နေကြတာပါ.. သူတို့ဟာ ဘောလုံးဆုံးရှုံးသွားတာနဲ့ ကစားသမား အကုန်လုံးက ဒီဘောလုံးကို ပြန်ရဖို့ ကြိုးစားကြပါတယ်.. သူတို့ ခြေထဲ ဘောလုံးပြန်ရောက်ပြီဆိုမှ ကစားကွက်ကို လိုသလို ဖော်ယူတယ်လို့ ကျွန်တော် ထင်ပါတယ်... ကျွန်တော်တို့လဲ အဲဒီလို ကစားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်.. သူတို့ ပေးခဲ့တဲ့ ပညာပါ.. အဲဒီအတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။

Sunday, October 2, 2011

မက်ဆီကို ကမ္ဘာပေါ်တွင် မည်သည့် ဘောလုံးသမားမျှ မယှဉ်နိုင်ဟု နေမာချီးကျူး

ကမ္ဘာပေါ်တွင် မည်သည့် ဘောလုံး သမားမျှ တုနှိုင်း မမီအောင် ထူးချွန်သူ အဖြစ် လီယွန်နယ် မက်ဆီအား နေမာက ချီးကျူးပြောဆို လိုက်သည်။

ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်နှင့် ချယ်လ်ဆီး အသင်းများက စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသော ဘရာဇီးလ် လက်ရွေးစင် လူငယ် တိုက်စစ်မှူး လေးက ဘာစီလိုနာတွင် ကစားနေသော အာဂျင်တီးနား လက်ရွေးစင် အပေါ် အထူးလေးစား အားကျကြောင်း ဖွင့်ဟခဲ့သည်။ နေမာသည် ယခုသီတင်းပတ် အလယ်က ဘရာဇီးလ် အသင်းက အာဂျင် တီးနားကို ၂-၀ ဖြင့် အနိုင်ရသည့် ခြေစမ်းပွဲ အတွင်း ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့သည်။ အသက်(၁၉)နှစ်ရှိ ဆန်းတို့စ် တိုက်စစ်မှူး လေးက ပြိုင်ဘက် အာဂျင် တီးနားကို ချီးကျူးခဲ့ သလို ကမ္ဘာ့ အကောင်းဆုံး ဆုရှင် မက်ဆီကိုလည်း အလေးထား ဂုဏ်ပြုစကား ပြောဆိုသွားသည်။
ကမ္ဘာ့အကောင်းဆုံး ဆုရှင် မက်ဆီ
"အာဂျင် တီးနားဟာ အကောင်းဆုံး အသင်း တစ်ခုပါ" ဟု ဆန်းတို့စ်၏ ပေါင်စတာလင် သန်း(၄၀)ထိ ဈေးနှုန်း

ချီလီတွင် ကုသမှု ခံယူနေသည့် ဆန်းချက်ဇ်၏ ဒဏ်ရာ အခြေအနေ တိုးတက် ကောင်းမွန်လာ

အလက်ဆစ်  ဆန်းချက်ဇ် ဒဏ်ရာမှ လျင်လျင်မြန်မြန် သက်သာ ကောင်းမွန် လာနေကြောင်း သတင်းသည် ဘာစီလိုနာ အတွက် စိတ်ကျေနပ် ပျော်ရွှင်စရာ ဖြစ်လာခဲ့သည်။

နွေရာသီတွင် အီတလီ ကလပ် အူဒီးနီးစ်မှ ပြောင်းရွှေ့လာသော တိုက်စစ်မှူးသည် မွေးရပ်မြေ ချီလီတွင် ဆေးကုသမှု ခံယူရင်း တဖြည်းဖြည်း အခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း သိရသည်။ ၎င်းသည် နူးကမ့်တွင် အထင်ကြီးလောက်ဖွယ် အစကောင်း ခဲ့သော်လည်း တံကောက် ကြောဒဏ်ရာ ရရှိသွား ချိန်တွင် ကွင်းဘေး ထွက်ထိုင်ရင်း အချိန်ကုန် နေရသည်။ ယခုအခါ ဘာစီလိုနာ အသင်းက တရားဝင် ၀က်ဘ်ဆိုက်မှ တဆင့် ဆန်းချက်ဇ်တစ်ယောက် ချီလီတွင် ဆေးကုသမှု ခံယူရင်း တိုးတက်မှုများ ရှိလာကြောင်း အတည်ပြု ဖော်ပြခဲ့သည်။
ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ဆန်းချက်ဇ်

စက်တင်ဘာလ (၁၀)ရက်နေ့က ရီးယဲလ် ဆိုစီဒက်နှင့် (၂)ဂိုးစီ သရေ ကျခဲ့သည့် ပွဲစဉ် ကတည်းက တံကောက်ကြော တင်းမာမှုကြောင့် ပွဲမကစား နိုင်ဘဲ အနားယူ နေရသော ဆန်းချက်ဇ်ကို မွေးရပ် နိုင်ငံတွင်

Friday, September 30, 2011

မက်ဆီ ၀တ်ဆင်မည့် ဦးနှောက်ရှိသော ဖိနပ်

လီယွန်နယ် မက်ဆီတစ်ယောက် “ဦးနှောက်ရှိသော ဖိနပ်” ဟု တင်စား ခံရသည့် နည်းပညာ အဆင့်မြင့် ဘောလုံးကန် ဖိနပ်ကို ၀တ်ဆင် သွားမည်ဟု သိရသည်။

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား တိုက်စစ်မှူးသည် ဂျာမန် အားကစား ပစ္စည်း ကုမ္ပဏီ Adidas ၏ အကောင်းဆုံး ဖန်တီးမှု လက်ရာကို ပထမဆုံး ထိတွေ့ ခံစားခွင့် ရသူများ အနက် တစ်ဦး ဖြစ်လာမည်ဟု သိရသည်။ မက်ဆီသည် ကိုယ်ပိုင်ဥာဏ်စွမ်း ရှိသည့် ပထမဆုံး ဘောလုံးကန် ဖိနပ်အတွက် Adidasနှင့်အတူ လပေါင်းများစွာ လက်တွဲလေ့လာ မှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ဖိနပ်တွင် ခေတ်ရှေ့ပြေး နည်းပညာ တစ်ခုဖြင့် တီထွင်ထားသည့် miCoach Speed Cell အမည်ရှိ ကွန်ပျူတာ Chipကို တပ်ဆင်ထားသည်။ အဆိုပါ chip သည် အရွယ်အစား သေးငယ်သလောက် စွမ်းဆောင်ရည် မြင့်မားလွန်း လှသည်။ ဘောလုံးကန် ဖိနပ် အောက်ခံပြားတွင် မြှုပ်နှံ တပ်ဆင်ထားသော အဆိုပါ ကိရိယာသည် ကစား သမား၏ လှုပ်ရှားမှု၊ အဓိက ကျသော စွမ်းဆောင်မှု၊ ပြေးလွှားသော ခရီးအကွာ အဝေးစသည့် အချက် အလက်ပေါင်း မြောက်မြားစွာကို (၃၆၀)ဒီဂရီ လှည့်လည် ဖမ်းယူကာ မှတ်တမ်းတင်

Tuesday, September 27, 2011

(၃)ယောက်တန်း ခံစစ်ကို ပီကေး နှစ်သက်နေ ~ အိမ်ကွင်း ပွဲစဉ်များနှင့် ကိုက်ညီကြောင်း မှတ်ချက်ပြု

အသင်း အနေနှင့် (၃)ယောက်တန်း ခံစစ်ဖြင့် ကစားသည့် ပုံစံနှင့် အံဝင် လာချင်ကို သဘောကျ နှစ်သက်ကြောင်း ဘာစီလိုနာ ခံစစ်မှူး ဂျရတ် ပီကေးက ပြောကြားလိုက်သည်။

နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ လက်ရှိသုံးစွဲ နေသော (၃-၄-၃) ပုံစံသည် အိမ်ကွင်းပွဲစဉ် များတွင် ကျင့်သုံးရန် အသင့်တော်ဆုံး ဖြစ်နေကြောင်းလည်း ပီကေးက ဆိုသည်။ ဘာစီလိုနာ သည် ပီကေးနှင့် အသင်းခေါင်းဆောင် နောက်ခံလူ ကားလက်စ် ပူယိုးလ်တို့ မကစားနိုင် ချိန်တွင် နောက်တန်း(၃)ယောက်ထားကာ ကွင်းလယ်တွင် ကစားသမား တစ်ဦးစာ နေရာ ပိုပေးသည့် ပုံစံဖြင့် စမ်းသပ်ကစား ခဲ့သည်။ ထိုအခြေ အနေတွင် ဘာစီလိုနာ အတွက် ရိုက်ခတ်မှု အချို့ ရှိခဲ့ပြီး ကွင်းလယ်လူ

Monday, September 26, 2011

ဘာစီလိုနာ အတွက် သွင်းဂိုး အများဆုံး စံချိန်ရှင် ဖြစ်လာရန် မက်ဆီမျှော်လင့်

ဘာကာတွင် ဂိုးအများဆုံး သွင်းရန် ဆန္ဒ ရှိနေသည့် မက်ဆီ
ဘာစီလိုနာ အသင်းအတွက် ထာဝရ ဂိုးသွင်း အများဆုံး စံချိန်ရှင် ကစားသမား ဖြစ်လာရန် လီယွန်နယ် မက်ဆီက မျှော်လင့်လျက် ရှိသည်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးက ဆီဇာရို ဒရီဂွတ်ဇ်၏ နူးကမ့်ဂိုးသွင်း ဘုရင် မှတ်တမ်းကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ကြောင်း ၀န်ခံခဲ့သည်။
၎င်းက ဆီဇာ၏ အထင်ကြီး လေးစားဖွယ် မှတ်တမ်းကို အားကျကြောင်းနှင့် ယင်းကို ကျော်ဖြတ်နိုင်ရန်ကြိုးစားသွား မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ဆီဇာသည် ဘာစီ လိုနာအတွက် (၂၃၅)ဂိုး သွင်းယူကာ ဂိုးအများဆုံး သွင်းသူအဖြစ် မှတ်တမ်းဝင် နေသည်။
မက်ဆီသည် အက်သ လက်တီကို မက်ဒရစ်အား (၅-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင်Hat-Trick ရခဲ့ပြီးနောက်

Saturday, September 24, 2011

ခုမှ ကျွန်တော် တို့ကို သံသယ ဝင်နေ ကြပြီလား


ဘာစီလိုနာ နောက်ခံလူ ပူယိုလ်က ဘာစီလိုနာ အသင်း နှစ်ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့ သော်လည်း ထို အခြေ အနေမှာ အသင်း တစ်သင်း အတွက် ပုံမှန်ကြုံတွေ့ရသည့် အနေအထား မျိုးသာဖြစ် ၍ အသင်း၏ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေလိမ့် မည်ဟု မထင်မိကြောင်း ပြောသွားခဲ့သည်။

ပူယိုလ်မှာ ဒဏ်ရာကြောင့် ၃ လကျော် နားနေခဲ့ရသူဖြစ်ပြီး အေစီမီလန်နှင့်ချန်ပီယံ လိဂ်ပွဲမှ လူစားဝင်ကစားပြီး ယခုရာသီ အတွက် ပထမဆုံးပွဲကို စကစား နိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာမှာလည်း လာလီဂါတွင် ဆိုစီဒက် ကို ၂-ဝ ဖြင့် ဦးဆောင်ပြီးမှ ချေပဂိုးများ ပြန်ပေးခဲ့ရပြီး မီလန်နှင့်ပွဲတွင်လည်း ၂-၁ ဖြင့်

Friday, September 23, 2011

ကစားကွက် ပုံစံပြောင်းလဲမှုအပေါ် သုံးသပ်လိုက်သည့် ဇာဗီ

ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီက ပြီးခဲ့သည့် ဗလင်စီယာ အသင်းနှင့် တစ်ဘက် ၂ ဂိုးစီ သရေကျခဲ့သည့်  ပွဲစဉ်တွင် ၎င်းတို့ အသုံးပြုခဲ့သည့် ၃း၎း၃ ကစားကွက် ပုံစံသစ်သည် အသင်းအတွက် ခက်ခဲမှုများ ရှိခဲ့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ ယင်းပွဲစဉ်တွင် နောက်တန်းခံစစ် ဒဏ်ရာ ပြဿနာများကြောင့် ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာသည် ၃း၎း၃ ကစားကွက်ကို  အသင်း အတွက် စမ်းသပ် အသုံးပြုခဲ့သည်။
     အဆိုပါ ကစားကွက်ကြောင့် ဘာစီလိုနာ အသင်းမှာ ဗလင်စီယာ အသင်း၏ တိုက်စစ်ဆင် ထိုးဖောက်မှုများကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ပြိုင်ဘက် အသင်းကို ပြန်လည် ဖိအား ပေးနိုင်ခဲ့ခြင်းမျိုး မရှိသေးပေ။

ယင်းနှင့်ပတ်သက်၍ ဇာဗီက " ၃း၎း၃ ကစားကွက်ဟာ ကျွန်တော်တို့ အသင်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် အဲဒါက အရေးကြုံတဲ့အခါ ခံစစ်နေရာ အတွက်တော့ သိပ်ပြီး ခက်ခဲပါတယ်။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းလိုလိုမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ကံတရား ကတော့ ကျွန်တော်တို့ဘက်မှာ ရှိမနေခဲ့ပါဘူး”ဟု ဗလင်စီယာနှင့် ပွဲအပြီးတွင် ပြောကြား သွားခဲ့သည်။
  ဟုတ်ပါတယ် ဇာဗီ ဟာနန်ဒက် ပြောတာ မှန်ပါတယ် ဘယ်ပွဲမှ ပင်နယ်တီ ၊ ဖရီးကစ်များမရခဲ့ပါ ၊ မက်ဆီ ၁၈ ကိုက် ထဲမှာ လှဲတာလည်း ၃ ကြိမ် အထက်ပင်ရှိနေပါပြီ ။ ဒိုင်လူကြီးများ အနေနဲ့ မျက်ကွယ်ပြုထားကြတာပါ ။ အလွန် နစ်နာစေခဲ့ပါတယ် ။ဘာစီလိုနာ ကစားသမားများက ကျွမ်းကျင်မှုကို ဥိးစားပေးကစားခဲ့ကြတာပါ ။ 

 အမြဲတမ်း အောင်ပွဲများနဲ့သာ ပြုံးပျော်နိုင်ရန် ဆုတောင်းပေးလိုက်ပါတယ်  

Thursday, September 22, 2011

ဆက်စ် ဖာဘရီဂက်စ်သည် ဘာစီလိုနာ ကစားသမားသစ် တစ်ဦး အနေနှင့် ကျေနပ်စရာ စံချိန်သစ် တစ်ခုကို ပိုင်ဆိုင် လိုက်နိုင်ပြီ

ဆက်စ် ဖာဘရီဂက်စ်သည် ဘာစီလိုနာ ကစားသမားသစ် တစ်ဦး အနေနှင့် ကျေနပ်စရာ စံချိန်သစ် တစ်ခုကို ပိုင်ဆိုင်  လိုက်နိုင်ပြီ ဖြစ်သည်။

နွေရာသီ ဈေးကွက် ကာလကမှ အာဆင်နယ် အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့လာသည့် ကစားသမားသည် ယခုအခါ (၄)ပွဲဆက် ဂိုးသွင်းနိုင်သည့် စံချိန်ကို တင်နိုင်ခဲ့သည်။ နူးကမ့် အခြေစိုက် ကလပ် အသင်းကြီးတွင် ကစားသမားသစ် တစ်ဦးအနေနှင့် ယင်းစွမ်းဆောင်မှုသည် စံချိန်သစ် တစ်ခု ဖြစ်လာခဲ့သည်။ အသက်(၂၄)နှစ်ရှိ စပိန် လက်ရွေးစင် ကွင်းလယ်လူသည် စက်တင်ဘာ (၂၁)ရက်နေ့ညက ဗလန်စီယာ အသင်းနှင့် မက်စ်တဲလား ကွင်းကြီးတွင် (၂)ဂိုးစီ သရေ ကျရာ၌ ဂိုးသွင်း နိုင်ခဲ့သည်။ ဘာစီလိုနာ၏ မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်သည်လည်း ရေးဆင်းနှင့် ဂိုးမရှိ သရေသာ ကစား နိုင်ခဲ့သည်။

Wednesday, September 21, 2011

နာပိုလီ တိုက်စစ်မှူးကို စိတ်ဝင်စားနေသည့် ဘာစီလိုနာ

  ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာသည် နာပိုလီ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရသည်။ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီသည် ပြီးခဲ့သည့်အပတ် မန်စီးတီး အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်အပြင် မီလန်နှင့် စီးရီးအေ ပွဲစဉ်တို့တွင် နာပိုလီ အသင်းအတွက် စုစုပေါင်း ၄ ဂိုးသွင်းယူခဲ့သူဖြစ်သည်။
  ယမန်နှစ်ရာသီ ပြိုင်ပွဲ အရပ်ရပ်တွင် နာပိုလီအသင်းအတွက် ၃၃ ဂိုးသွင်းယူခဲ့ပြီးနောက် ကာဗာနီသည် ပြီးခဲ့သည့် နွေရာသီတွင် စိန်ခေါ်မှုအသစ်ကို ရှာဖွေမည်ဟု သတင်းများထွက်ပေါ်ကာ ရီးရဲလ် အသင်းနှင့်လည်း ရေပန်းအစားဆုံး ဖြစ်ခဲ့သူဖြစ်သည်။ ကာဗာနီသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နည်းပြ ဒိုနာဒိုနီ လက်ထက်တွင် နာပိုလီ အသင်းအတွက် စတင်ကာ ခြေစွမ်းများ ပြသခဲ့သူဖြစ်သည်။ ထိုစဉ်က ကာဗာနီသည် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့သွားပါက သေချာပေါက် အောင်မြင်မှုများ ရရှိလိမ့်မည်ဟု နည်းပြ ဒိုနာဒိုနီ၏ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသူဖြစ်သည်။
ဘာစီလိုနာမှ စိတ်ဝင်စားနေတဲ့ Edinson-Cavani

ဘာစီလိုနာ တွင် ခြေစွမ်း ပိုထက်လာသည်ဟု ဒေးဗစ်ဗီလာ ချီးကျူးခံရသည့် ဖာဘရီဂက်စ်

ဆက်စ် ဖာဘရီဂက်စ်၏ ခြေစွမ်းသည် အာဆင်နယ်တွင် ကစားစဉ်ကထက် ဘာစီလိုနာတွင် ပိုမိုထက်မြက် တိုးတက်လာကြောင်း ဒေးဗစ် ဗီလာက ချီးကျူး ပြောကြားလိုက်သည်။
နူးကမ့်သို့ ရောက်ရှိပြီး တစ်လခန့် အကြာတွင် ဖာဘရီဂက်စ်၏ စွမ်းဆောင်မှု ကိုယ်ရည် ကိုယ်သွေးသည် သိသိသာသာ တောက်ပြောင် လာသည်ဟု ယုံကြည်ကြောင်း ဗီလာကဆိုသည်။
စပိန်လက်ရွေးစင် အသင်း၏ ဂိုးအများဆုံး သွင်းထားသော စံချိန်ရှင် တိုက်စစ်မှူးက မိမိ၏ ဘာစီလိုနာ ကစားဖော်သစ်သည် အသင်းအတွက် အကောင်းဆုံး ရလဒ်များ
ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။ “သူဟာ မွေးရပ်မြေနဲ့ အဝေးကြီးမှာ အချိန် တော်တော်များများ သွားနေခဲ့ပါတယ်။ သူအဲဒီမှာ တိုးတက်လာတယ်၊
ကြီးပြင်းလာတယ်။ ဒါပေမဲ့ လာမာစီယာ ကျောင်းထွက် တစ်ယောက်အတွက် ဘာစီလိုနာကို ပြန်လာချင်တာဟာ နှလုံး သွေးကြောထဲထိ ရှိနေမှာပါ” ဟု ဗီလာက Marca သို့ ပြောကြားခဲ့သည်။
“သူဟာ အာဆင်နယ်နဲ့ အတူ ခမ်းနား ကြီးကျယ်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခုချိန်မှာတော့ သူဟာ ပိုပြီးတော့ တိုးတက် လာနေပါပြီ။ အကောင်းဆုံး ကစားသမားတွေနဲ့

Friday, September 16, 2011

အာဆင်နယ်ကို မဝေဖန်ခဲ့ကြောင်း ပြောဆိုလိုက်သည့် ဖာဘရီဂတ်စ်


ဘာစီလိုနာ ကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ၎င်းအနေဖြင့် အသင်းဟောင်း အာဆင်နယ်ကို ဆုဖလားများနှင့်အတူ မြင်တွေ့ရန် မဖြစ်နိုင်သေးဟု ပြောကြား ခဲ့သည် ဆိုသည့် အားကစား မဂ္ဂဇင်းတစ်ခုမှ မှားယွင်း ဖော်ပြထားမှုအပေါ် ငြင်းဆို လိုက်သည်။
   ယခုနွေရာသီတွင် ၎င်း၏ ကစားသမား ဘ၀ စတင်ရာ ဘာစီလိုနာ အသင်းသို့ ပြန်ရောက် လာခဲ့သည့် အဆိုပါ စပိန် ကွင်းလယ်လူသည် အားကစား မဂ္ဂဇင်း တစ်ခုနှင့် တွေ့ဆုံခန်းတွင် ၎င်း၏ အသင်းဟောင်း အာဆင်နယ်ကို ဝေဖန် ပြောဆို ခဲ့သည်ဟု သတင်းများက ဆိုထားသည်။
   သို့သော် အသက် ၂၄ နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်သည် ယင်းသတင်းကို ၎င်း၏ Twitter စာမျက်နှာပေါ်မှ နေ၍ ပြန်လည် ငြင်းဆို ခဲ့သည်။ ၎င်းက “ကျွန်တော့် အနေနဲ့ အာဆင်နယ် အသင်းအကြောင်းကို ဘယ်တော့မှ မကောင်းပြောတာမျိုး မလုပ် ခဲ့ပါဘူး။ အခုကိစ္စဟာ လူတွေ စိတ်ဝင်စားမှန်း သိလို့ မီဒီယာတွေက သူတို့ လိုရာ ဆွဲတွေးပြီး ရေးသားဖော်ပြနေကြတာပါ။
   ပရိသတ်တစ်ဦး အနေနဲ့ ကျွန်တော်လည်း အာဆင်နယ် အသင်းကို အောင်မြင် စေချင်ပါတယ်။ အောင်မြင်မှု မရလို့ အသင်းကနေ ထွက်လာခဲ့တာ မဟုတ်တဲ့ အပြင် အဲဒီ ကိစ္စလည်း ကျွန်တော့် ခေါင်းထဲမှာ ထည့်မထားပါဘူး။ အာဆင်နယ် ဟာ ကျွန်တော် ဘယ်သူဆိုတာကို မွေးထုတ် ပေးခဲ့တဲ့ အသင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
     အားကစား မဂ္ဂဇင်းတစ်ခုမှ ဖော်ပြရာတွင်
ဖာဘရီဂတ်စ်က လက်ရှိတွင် အာဆင်နယ်အသင်းသည် မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး စသည့် အသင်းကြီးများကို  နှစ်ပေါင်းများစွာ ကြာသည်အထိ ကျော်ဖြတ်နိုင်ခြင်း မရှိသေးသလို  အဆိုပါ ကလပ်အသင်း နှင့်အတူ မိမိမှာလည်း အောင်မြင်မှုရရန် မဖြစ်နိုင်သေးဟု ပြောဆို ခဲ့ကြောင်း ဆိုထားသည်။

Thursday, September 15, 2011

၎ ပတ်နားရမည့် အင်နီယေစတာ





ဘာစီလိုနာ အသင်းမှ ကွင်းလယ်လူ ဖန်တီးရှင် အင်နီယေစတာသည် ယမန်နေ့ မီလန်အသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြော စုတ်ပြဲဒဏ်ရာကြောင့် ရက်သတ္တပတ် ၄ ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စပိန်ကွင်းလယ်လူသည် ယမန်နေ့ပွဲစဉ် ပထမပိုင်းပွဲပြီးခါနီးတွင် ယင်းဒဏ်ရာကို ရရှိခဲ့ပြီး ကွင်းလယ်လူ ဖာဘရီဂတ်စ်နှင့် လူစားလဲခဲ့ရသည်။
ယင်းကြောင့် အင်နီယေစတာမှာ ဗလင်စီယာ၊ အက်သလက်တီကို အသင်းတို့နှင့် လာလီဂါပွဲစဉ်အပြင် ဘိတ်ဘိုရီဆော့ဗ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ် အပါအ၀င် ဘာစီလိုနာအသင်း၏ လာမည့်ပွဲစဉ် ၅ ပွဲကို လွဲချော်မည်ဖြစ်သည်။ ယင်းမှာ ဘာစီလိုနာနည်းပြ ဂွာဒီယိုလာအတွက် ဒုတိယမြောက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
အင်နီယေစတာ မတိုင်ခင် ဘာစီလိုနာ တိုက်စစ်မှူး ဆန်းချက်ဇ်မှာလည်း ရီးရဲလ်ဆိုစီဒက်အသင်းနှင့် လာလီဂါ အဖွင့်ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ရက်သတ္တပတ် ၈ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။