Saturday, September 24, 2011

ခုမှ ကျွန်တော် တို့ကို သံသယ ဝင်နေ ကြပြီလား


ဘာစီလိုနာ နောက်ခံလူ ပူယိုလ်က ဘာစီလိုနာ အသင်း နှစ်ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့ သော်လည်း ထို အခြေ အနေမှာ အသင်း တစ်သင်း အတွက် ပုံမှန်ကြုံတွေ့ရသည့် အနေအထား မျိုးသာဖြစ် ၍ အသင်း၏ စိတ်ဓာတ်ပိုင်းကို ထိခိုက်စေလိမ့် မည်ဟု မထင်မိကြောင်း ပြောသွားခဲ့သည်။

ပူယိုလ်မှာ ဒဏ်ရာကြောင့် ၃ လကျော် နားနေခဲ့ရသူဖြစ်ပြီး အေစီမီလန်နှင့်ချန်ပီယံ လိဂ်ပွဲမှ လူစားဝင်ကစားပြီး ယခုရာသီ အတွက် ပထမဆုံးပွဲကို စကစား နိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာမှာလည်း လာလီဂါတွင် ဆိုစီဒက် ကို ၂-ဝ ဖြင့် ဦးဆောင်ပြီးမှ ချေပဂိုးများ ပြန်ပေးခဲ့ရပြီး မီလန်နှင့်ပွဲတွင်လည်း ၂-၁ ဖြင့်
အနိုင်ရနေပြီးမှ သရေကျ သွားခဲ့ခြင်း များကြောင့် ယခုရာသီ ဘာစီလိုနာ အသင်း၏ အနေအထား နှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့ သည်။

ပူယိုလ်က “ပြီးခဲ့တဲ့အချိန်တွေ သိပ် မကြာခင်တုန်းကပဲ ကျွန်တော်တို့ကို အကောင်း ဆုံးအသင်း တစ်သင်းဆိုပြီး ဝိုင်းချီးကျူးနေ ကြတာပါ၊ အခုတော့ နှစ်ပွဲလောက်နိုင်ပွဲမရ ယုံနဲ့ ကျွန်တော်တို့ကို သံသယဝင်ကုန်ကြပြီ လား၊ အသင်းတစ်သင်းအနေနဲ့ အခုလိုအခြေ အနေမျိုးဟာ ဘယ်လို အချိန်မှာမဆို ကြုံတွေ့ ရမှာပါ၊ ဒါပေမယ့် လက်ရှိအခြေအနေဟာ ကျွန်တော်တို့အတွက် စိုးရိမ်စရာမဟုတ်သလို အသင်းရဲ့စိတ်ဓာတ် ပိုင်းဆိုင်ရာကို ထိခိုက်မှု မရှိပါဘူး၊ ကျွန်တော်တို့အားလုံးလည်း ပုံမှန် အတိုင်းရှိ နေကြဆဲပါ၊

အသင်းရဲ့ပြင်ပက ပြော ဆိုဝေဖန်မှုတွေအပေါ်လည်း ဂရုစိုက်နားစွင့် နေဖို့ မရှိပါဘူး၊ ဒီအခြေအနေကို ပြန်ပြောင်း လဲပစ်နိုင် လိမ့်မယ်လို့လည်း ကျွန်တော်တို့ အားလုံးမှာ ယုံကြည်မှုရှိပါတယ်၊ အောင်မြင် မှုဟာ ဘယ်လောက်ပဲ အမြင့်မှာ ရှိနေပါစေ ကျွန်တော်တို့လက်တွေကို ရအောင်ဆန့်တန်း ပြီး အောင်ပွဲယူဖို့ အားလုံးအဆင်သင့်ပါ” ဟု ပြောသွားခဲ့သည်။

No comments:

Post a Comment