Showing posts with label ဘာစီလိုနာအသင်းရဲ့ သတင်းများ. Show all posts
Showing posts with label ဘာစီလိုနာအသင်းရဲ့ သတင်းများ. Show all posts
Tuesday, May 22, 2012
Wednesday, January 11, 2012
ကမ္ဘာ့ အကောင်းဆုံး ဆုကို အသင်းဖော် တွေနဲ့ မျှဝေလိုတဲ့ မက်ဆီ
ဘာစီလိုနာ အသင်း တိုက်စစ်မှူး မက်ဆီက မိမိ ရရှိခဲ့သော ၂၀၁၁ FIFA Ballon d’Or ဆု(ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု)ကို အသင်းဖော် များနှင့် မျှဝေ ခံစားလိုကြောင်း ပြောဆို လိုက်သည်။
အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီသည် တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ကျင်းပသော ၂၀၁၁ FIFA Ballon d’Or ဆုပေးပွဲ အခမ်း အနားတွင် အသင်းဖော် ဇာဗီနှင့် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒို တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမား ဆုကို (၃)နှစ် ဆက်တိုက် ဆွတ်ခူးနိုင် ခဲ့သည်။ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များ ကလည်း အကောင်းဆုံး ဆုကို ဆွတ်ခူးနိုင် ခဲ့သော မက်ဆီသည် ပြင်သစ် ဂန္တ၀င် ကစားသမား ပလာတီနီ ပြီးနောက် ယင်းဆုကို (၃)နှစ်ဆက် ဆွတ်ခူးနိုင်သော ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။
မက်ဆီသည် အကောင်းဆုံးဆု အတွက် ထောက်ခံမဲ (၄၇.၈၈) ရာခိုင်နှုန်း ရရှိခဲ့သည်။ ဒုတိယရခဲ့သော စီရော်နယ်ဒိုသည် ထောက်ခံမဲ (၂၁.၆) ရာခိုင်နှုန်း ရခဲ့ပြီး တတိယဆုရှင် ဇာဗီမှာ (၉.၂၃) ရာခိုင်နှုန်း ရခဲ့သည်။
ဆုလက်ခံ ရရှိပြီးနောက် မက်ဆီက မိမိရရှိခဲ့သော ဆုကို အာဂျင်တီးနားနှင့် ဘာစီလိုနာ အသင်းဖော်များ အတွက် ရည်ရွယ် ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် (၃)နှစ်တွင် အကောင်းဆုံး ဆုအတွက် နောက်ဆုံး ဆန်ခါတင် စာရင်း၌ ပါခဲ့သော်လည်း ဆုမ ရရှိခဲ့သော ဘာစီလိုနာ အသင်းဖော် ဇာဗီနှင့် မျှဝေလိုကြောင်းပြော ဆိုခဲ့သည်။
ဘာစီလိုနာကို အကောင်းဆုံး အသင်းပါဟု ချီးကျူးလိုက်တဲ့ ဆာအဲလက်စ်
ဇူးရစ်တွင် ကျင်းပသော ကမ္ဘာ့ အကောင်းဆုံး ဆုများပေး အပ်သည့် အခမ်း အနားသို့ တက်ရောက် ခဲ့သော မန်ယူ အသင်းရဲ့ မန်နေဂျာ ဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်က ဘာစီလိုနာ အသင်းနှင့် အတူ ခမ်းနားကြီး ကျယ်သော အောင်မြင် မှုများ ရယူနေသည့် နည်းပြ ဂွါဒီယိုလာ အပေါ် ချီးကျူး ဂုဏ်ပြု သွားသည်။
မန်ယူ အသင်းမှ အနားယူ ချိန်ရောက် ပါက မိမိ၏ aနရာကို ဂွါဒီယိုလာနှင့် အစားထိုးသွား မှာလား ဆိုသည့် မီဒီယာ သမားများ၏ မေးမြန်း ချက်များ ကိုမူ ဖာဂူဆန်က အံ့ဩဖွယ်ရာ ထိပ်တန်း အဆင့် အောင်မြင် မှုရရှိနေတဲ့ ဘာစီလိုနာလို အသင်း ကနေ ထွက်ခွာဘို့ ဂွါဒီယိုလာက ဘာကြောင့် ထွက်ခွာ ရမှာလဲ ဆိုသော မေးခွန်းနှင့် ပြန်လည် ဖြေကြား ခဲ့သည်။
Tuesday, December 20, 2011
ဂွာဒီယိုလာ လက်ထက် ဘာစီလိုနာ အသင်းသည် သမိုင်းတွင် အကောင်းဆုံးဟု ရိုဆဲလ်ကြွေးကြော်
ဂျိုးဆက် ဂွာဒီယိုလာ လက်ထက်တွင် ဘာစီလိုနာသည် သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း ဖြစ်လာကြောင်း အသင်း ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ကြွေးကြော်လိုက်သည်။
ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ ကလပ် အသင်းကြီးသည် လွန်ခဲ့သည့် (၃)နှစ်တာ ကာလအတွင်း နည်းပြ ဂွာဒီယိုလာ၏ ဦးဆောင်မှုနှင့် အတူ အကြီးကျယ်ဆုံးသော အောင်မြင်မှုများကို ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း လီယွန်နယ်မက်ဆီ၊ ဇာဗီဟာနန်ဒက်ဇ်၊ ဆက်စ်ဖာဘရီဂက်စ် တို့၏ သွင်းဂိုးများနှင့် အတူ ဂျပန်မြေတွင် တောင်အမေရိက ချန်ပီယံ ဆန်းတို့စ်ကို ချေမှုန်းကာ ကမ္ဘာ့ကလပ် ချန်ပီယံ ဘွဲ့ကို ထိုက်တန်စွာ ရယူခဲ့ပြီးနောက် ရိုဆဲလ်က ယခုလို ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။

ဥရောပနှင့် ကမ္ဘာ့ချန်ပီယံ ကလပ် အသင်းကြီးသည် လွန်ခဲ့သည့် (၃)နှစ်တာ ကာလအတွင်း နည်းပြ ဂွာဒီယိုလာ၏ ဦးဆောင်မှုနှင့် အတူ အကြီးကျယ်ဆုံးသော အောင်မြင်မှုများကို ရရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း လီယွန်နယ်မက်ဆီ၊ ဇာဗီဟာနန်ဒက်ဇ်၊ ဆက်စ်ဖာဘရီဂက်စ် တို့၏ သွင်းဂိုးများနှင့် အတူ ဂျပန်မြေတွင် တောင်အမေရိက ချန်ပီယံ ဆန်းတို့စ်ကို ချေမှုန်းကာ ကမ္ဘာ့ကလပ် ချန်ပီယံ ဘွဲ့ကို ထိုက်တန်စွာ ရယူခဲ့ပြီးနောက် ရိုဆဲလ်က ယခုလို ကြွေးကြော်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကလပ် ချန်ပီယံဘွဲ့အား ရယူပေးခဲ့သည့် ဂွာဒီယိုလာ
Sunday, December 18, 2011
Wednesday, November 30, 2011
ဂွာဒီယိုလာအား ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာရန် မျှော်လင့်နေသည့် အသင်း ဥက္ကဌ ဆန်ဒရို ရိုစ်ဆဲလ်

ဂွာဒီယိုလာအား ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာရန် မျှော်လင့်နေသည့် အသင်း ဥက္ကဌ ဆန်ဒရို ရိုစ်ဆဲလ်က
ဘာစီလိုနာ၏နည်းပြ ဂွာဒီယိုလာအား အသင်းနှင့် နှစ်ရှည် လက်တွဲသွားနိုင်မည့်သူ တစ်ဦးဖြစ်လာရန် မျှော်လင့်နေပြီး ၊ ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာနိုင်ကြောင်း ထုတ်ဖေါ်ပြောကြား လိုက်သည် ။ ဂွာဒီယိုလာသည် ဘာစီလိုနာအား သူကိုင်တွယ်သည့် နှစ်အနည်းငယ် အတွင်း စံချိန်တင်အောင်မြင်မှု့များစွာကို ရယူပေးခဲ့သူဖြစ်သည် ။ သို့သော် ဘာစီလိုနာတွင် အမြစ်တွယ် မည့် လက္ခဏာ မပြသည့် ဂွာဒီယိုလာအား ဘာစီလိုနာဥက္ကဌ အနေဖြင့် အသင်းတွင် ရေရှည် တာဝန်ယူခိုင်း လိုနေပြီး မန်ချက်စတာယူနိုက်တက်တွင် (၂၅)နှစ်ကြာ ကိုယ်တွယ်ခဲ့သည့် ဆာအဲလက်စ်ဖာဂူဆန် ကဲ့သို့ မြင်တွေ့ လိုနေသည် ။
သူကပြောကြားခဲ့ရာတွင် “ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာရဲ့ ဖာဂူဆန်ဖြစ်လာဖို့ဆိုတာ ကျွန်တော့်အိမ်မက် ပါ ၊ အခုလက်ရှိ ဘာစီလိုနာရဲ့ ပုံဖော်မှု့တွေဟာလဲ သူရဲ့ စိတ်ကူးစိတ်သန်း တွေအောက်မှာ ရှိနေတာပါ ၊ သူ့အနေနဲ့ ဆာအဲလက်စ်ဖာဂူဆန် မန်ချက်စတာယူနိုက်တက် ကို ကိုင်တွယ်သွားတဲ့ နှစ်တွေထက် ပိုပြီး ရေရှည်ကိုင်တွယ်သွား မယ်လို့လည်း မျှော်လင့်ပါတယ် ၊ တကယ်ဆိုရင် ဘာစီလိုနာရဲ့ချာတိတ် ဘ၀ ကနေ ကစားသမား ၊ အဲ့ဒီကမှ နည်းပြဖြစ်လာခဲ့တဲ့ သူဟာ ဘာစီလိုနာနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိနေတဲ့ အစိတ်အပိုင်းတစ်ခု ၊ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ဒေါက်တိုင်တစ်ခုဆိုတာ အသေအခြာပါပဲ” ဟု သူ၏ မျှော်လင့်ထားနေမှု့နှင့် ပတ်သတ်ပြီး ထုတ်ဖေါ်ပြောကြားသွားသည် ။http://mutdfan.com/ မှ ကူးယူတင်ပြသည် ။
Monday, November 28, 2011
အင်နီယေစတာ နှင့် ဖာဘရီဂတ်စ်တို့ ကြံ့ခိုင်မှု ပြန်လည် ရရှိ
ဂီတာဖေး အသင်းအား ရှုံးနိမ့်ခဲ့သည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဘာကာ နည်းပြ ဂွာဒီယိုလာ အတွက် သတင်းကောင်း တစ်ပုဒ် အနေဖြင့် အသင်း၏ အဓိက ကွင်းလယ် ကစားသမားများ ဖြစ်သော အင်နီယေစတာ နှင့် ဖာဘရီဂတ်စ်တို့ ကြံ့ခိုင်မှု ပြန်လည် ရရှိလာပြီး ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်လာနိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အင်နီယေစတာမှာ အေစီမီလန်နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့သော စနေနေ့က ပွဲစဉ်နှင့် လွဲချော်ခဲ့ရသူ ဖြစ်သော်လည်း ယခုအခါတွင် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်မှ ကြေငြာချက် အရ ကြံ့ခိုင်မှု အပြည့်ပြန်လည် ရရှိလာပြီး ဖြစ်ကြောင်း သိရသည်။ထို့အတူ အသေးစား ဒဏ်ရာ ပြဿနာများ ရှိနေသော ဖာဘရီဂတ်စ်မှာလည်း ဒဏ်ရာများ သက်သာ ပျောက်ကင်းလာပြီး လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်လာနိုင်ပြီ ဖြစ်သည်။အဆိုပါ ကွင်းလယ် ကစားသမား နှစ်ဦးစလုံးမှာ အင်္ဂါနေ့တွင် ကစားရမည့် ဗလက်ကာနိုနှင့် လာလီဂါ ပွဲစဉ်တွင် ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။
ကြံ့ခိုင်မှု ပြန်လည် ရရှိလာသည့် ဘာကာ ကွင်းလယ် ကစားသမားများ
http://www.soccerweeklytips.com/ မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာ ကြပါစေဗျာ
Friday, October 7, 2011
Himno del FC BARCELONA
The song was written in 1974 as part of Barcelona's 75th Anniversary Celebrations. The lyrics are by Jaume Picas and Josep M. Espinàs and it is set to the music of Manuel Valls Gorina
On November 27, 1974, and as part of the Club's 75th Anniversary celebrations, 'Cant del Barça', was solemnly sung for the first time by 3,500 voices conducted by Oriol Martorell.
သီချင်းစာသား
Wednesday, October 5, 2011
ဘာစီလိုနာ ရဲ့ တခေတ် တယောက် ကြယ်ပွင့်များ
ဒီခေတ်တစ်ယောက် အကောင်းဆုံး ၊အထူးချွန်ဆုံး ကစားသမား များ ပေါ်ထွက်ခဲ့ပါတယ်၊
လက်ရှိမှာတော့ Leo Messi က အကောင်းဆုံး ကစားသမားပါပဲ ၊ ကျန်တဲ့ ကစားသမားတွေက မကောင်းဘူးလားဆိုလည်း မဟုတ်ပါဘူး Xavier Hernandez
Andres Iniesta ၊ David Villa ၊ Carles puyol တို့ဟာလည်း ထူးထူးချွန်ချွန်တွေပါပဲ
သူတို့တွေပါပဲလား လို့ ပြောရရင် လည်း မဟုတ်သေးပါဘူး ၊ ကျန်တဲ့ ကစားသမားတွေကလည်း သူ့ နေရာနဲ့ သူကို
ကျွမ်းကျွမ်းကျင်ကျင် ၊ လိမ်မာပါးနပ်စွာနဲ့ ဟန်ချက် ညီညီ ကစားနိုင်တဲ့ ကစားသမားတွေပါပဲ ၊လက်ရှိ ဘာစီလိုနာရဲ့ နည်းပြကြီး Pep GuardiolaI
ဟာလည်း စံပြနည်းပြလို့ ပြောရပါလိမ့်မယ် ၊
အသင်းတစ်သင်းလုံး ညီညွှတ်မှု ၊ ဘောလုံး ကျွမ်းကျင်မှု တို့ကြောင့် ဘာစီလိုနာ ဘောလုံး အသင်းဟာ အခုအချိန်မှာ
အောင်မြင်နေတဲ့ အသင်းတစ်သင်းအဖြစ် သက်တမ်းကြာရှည်စွာ ရပ်တည်နေတာပါ ။
Friday, September 16, 2011
ဘာစီ လိုနာ၏ ဘဏ္ဍာရေး အခြေအနေ အားနည်းမှုများ ရှိနေဆဲဖြစ်
ဘာစီလိုနာ အသင်း အနေနှင့် အောင်မြင်မှု များစွာ ရရှိ နေသော်လည်း အသင်း၏ ဘဏ္ဍာရေး အခြေ အနေသည် အားနည်းမှုများ ရှိနေဆဲ ဖြစ်ကြောင်း ဘာစီလိုနာ၏ လက်ထောက် ဘဏ္ဍာ ရေးမှူးက ပြောကြားလိုက်သည်။
ဂျာဗီးယား ဖောစ်က စပိန်နှင့် ဥရောပ ချန်ပီယံ အသင်းကြီးသည် ဘဏ္ဍာရေး အနေ အထားတွင် သတိထား ရမည့် အခြေ အနေကို ကျော်လွန်နိုင်ခြင်း မရှိသေးကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ဘာစီလိုနာ အနေနှင့် ကြွေးမြီ တင်ရှိမှု (၁၅)ရာခိုင်နှုန်း လျှော့ချလိုက် နိုင်သော်လည်း ဘဏ္ဍာရေး အတွက် သတိထား ကိုင်တွယ် နေရဆဲဟု ဖောစ်ကဆိုသည်။ ဘာစီ လိုနာသည် ပြီးခဲ့သည့် နှစ်က ယူရို သန်း(၄၃၀)ထိ ကြွေးတင် နေသော်လည်း ယခုနှစ်တွင် ယူရို (၃၆၄)သန်းသာ အကြွေးရှိ တော့သည်။ ဖောစ်က အဆိုပါ ကိန်းဂဏန်းကိုလည်း ဆက်လက် လျှော့ချနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။
“ကျွန်တော်တို့ အနေနဲ့ ငွေကြေးကို စီစစ်ဖို့ လိုပါတယ်။ အသင်းရဲ့ အောင်မြင်မှု ကြီးထွား လာတာနဲ့ အမျှ ကြွေးတွေကိုတော့ လျှော့ချ လိုက်နိုင် ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ငွေရေးကြေးရေး အခြေ အနေဟာ ထိရှလွယ်တဲ့ အနေ အထားမှာပဲ ရှိနေ သေးတာပါ။ ကြွေးမြီ ပမာဏက အရမ်းမြင့်မား နေဆဲ ဖြစ်တာကို မေ့လို့ မရပါဘူး” ဟု ဖောစ်က ကလပ် အသင်းပိုင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ကြွေးတင်နေတဲ့ အန်ေအထားကို မလိုချင် ပါဘူး။ ဒါကြောင့် လျှော့ချနိုင်ဖို့ လုပ်ဆောင် နေတာပါ။ မျှတတဲ့ အခြေအနေ တစ်ခုထိ ရောက်ရှိလာဖို့ ကျွန်တော်တို့ ဆက်လုပ် နေတုန်းပါ။ အသင်းက ရှာတဲ့ ငွေတွေကို ဘဏ်တိုး အတွက်ချည်း ပေးနေရတာ အဆင် မပြေပါဘူး။ ကျွန်တော်တို့ အနေနဲ့ ၀င်ငွေပိုပြီး မြင့်မား လာဖို့လည်း လိုအပ်ပါတယ်” ဟု ဖောစ်က ရှင်းပြသွားသည်။ ဘာစီ လိုနာသည် ကြွေးမြီ တင်ရှိမှု များပြား နေသော်လည်း ဈေးကွက်အတွင်း ကစားသမား ၀ယ်ယူမှု အရှိန်အဟုန်ကို မလျှော့ချခဲ့ပေ။ နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ဘာစီ လိုနာသည် ဆက်စ်ဖာ ဘရီဂက်စ်နှင့် အလက်ဆစ် ဆန်းချက်ဇ်တို့ကို ယူရိုသန်း(၆၀)မျှ အကုန် အကျခံ ၀ယ်ယူခဲ့သည်။
Subscribe to:
Posts (Atom)



