Friday, December 2, 2011

အဖေ ဖြစ်ချင်နေသည့် မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက သူ၏ အိပ်မက် တစ်ခုမှာ အဖေတစ်ယောက် ဖြစ်ရန်ဟု ဖွင့်ဟ၀န်ခံခဲ့သည်။ အသက် (၂၄) နှစ် အရွယ်ရှိ ကစားသမားမှာ ကာလရှည်ကြာစွာ တွဲခဲ့သော ချစ်သူနှင့် ပြန်လည် လက်တွဲခဲ့ပြီးနောက် အင်တာဗျူး တစ်ခုတွင် သူတို့နှစ်ဦးမှာ သားသမီး မွေဖွားနိုင်ကြောင်း ဖွင့်ဟပြောကြား ခဲ့ခြင်းဖြစ်သည်။မက်ဆီက “ကျွန်တော်ဟာ အဖေတစ်ယောက် ဖြစ်ဖို့ ရည်မှန်းထား ပါတယ်။ဘောလုံးလောက ဆိုတာက ပြဿနာတွေ အမြဲတမ်း ဖြစ်နေတာပါ အချိန်မရွေး ကျရှုံးနိုင် ပါတယ်။မိသားစု ရှိရင်တော့ သူတို့ရဲ့ ပံ့ပိုးမှုတွေနဲ့ အရာအားလုံးကို အလွယ်တကူ ဖြတ်ကျော်နိုင် ပါတယ်”ဟု အာဂျင်တီးနား မီဒီယာ တစ်ခုသို့ ပြောကြားခဲ့သည်။မက်ဆီမှာ တစ်ဦးချင်း ဆုတံဆိပ်များ အပြင် ကလပ် အသင်းနှင့်ပါ အောင်မြင်မှုများစွာ ရယူထားနိုင် ခဲ့သော်လည်း မိသားစု၏ ထောက်ပံ့မှု မရှိပဲ ထိပ်တန်း အဆင့်တွင် ကာလရှည်ကြာစွာ ရပ်တည်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့ခြင်းလည်း ဖြစ်သည်။
0.messi
ဖခင်တစ်ယောက် ဖြစ်ချင်ကြောင်း ဖွင့်ဟခဲ့သည့် မက်ဆီ  


http://www.soccerweeklytips.com/ မှ တဆင့်ကူးယူတင်ပြသည် ။

No comments:

Post a Comment