Wednesday, September 21, 2011

နာပိုလီ တိုက်စစ်မှူးကို စိတ်ဝင်စားနေသည့် ဘာစီလိုနာ

  ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာသည် နာပိုလီ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း သိရသည်။ ဥရုဂွေး တိုက်စစ်မှူး ကာဗာနီသည် ပြီးခဲ့သည့်အပတ် မန်စီးတီး အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်အပြင် မီလန်နှင့် စီးရီးအေ ပွဲစဉ်တို့တွင် နာပိုလီ အသင်းအတွက် စုစုပေါင်း ၄ ဂိုးသွင်းယူခဲ့သူဖြစ်သည်။
  ယမန်နှစ်ရာသီ ပြိုင်ပွဲ အရပ်ရပ်တွင် နာပိုလီအသင်းအတွက် ၃၃ ဂိုးသွင်းယူခဲ့ပြီးနောက် ကာဗာနီသည် ပြီးခဲ့သည့် နွေရာသီတွင် စိန်ခေါ်မှုအသစ်ကို ရှာဖွေမည်ဟု သတင်းများထွက်ပေါ်ကာ ရီးရဲလ် အသင်းနှင့်လည်း ရေပန်းအစားဆုံး ဖြစ်ခဲ့သူဖြစ်သည်။ ကာဗာနီသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နည်းပြ ဒိုနာဒိုနီ လက်ထက်တွင် နာပိုလီ အသင်းအတွက် စတင်ကာ ခြေစွမ်းများ ပြသခဲ့သူဖြစ်သည်။ ထိုစဉ်က ကာဗာနီသည် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့သွားပါက သေချာပေါက် အောင်မြင်မှုများ ရရှိလိမ့်မည်ဟု နည်းပြ ဒိုနာဒိုနီ၏ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသူဖြစ်သည်။
ဘာစီလိုနာမှ စိတ်ဝင်စားနေတဲ့ Edinson-Cavani

No comments:

Post a Comment