Thursday, September 15, 2011
၎ ပတ်နားရမည့် အင်နီယေစတာ
ဘာစီလိုနာ အသင်းမှ ကွင်းလယ်လူ ဖန်တီးရှင် အင်နီယေစတာသည် ယမန်နေ့ မီလန်အသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြော စုတ်ပြဲဒဏ်ရာကြောင့် ရက်သတ္တပတ် ၄ ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စပိန်ကွင်းလယ်လူသည် ယမန်နေ့ပွဲစဉ် ပထမပိုင်းပွဲပြီးခါနီးတွင် ယင်းဒဏ်ရာကို ရရှိခဲ့ပြီး ကွင်းလယ်လူ ဖာဘရီဂတ်စ်နှင့် လူစားလဲခဲ့ရသည်။
ယင်းကြောင့် အင်နီယေစတာမှာ ဗလင်စီယာ၊ အက်သလက်တီကို အသင်းတို့နှင့် လာလီဂါပွဲစဉ်အပြင် ဘိတ်ဘိုရီဆော့ဗ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ် အပါအ၀င် ဘာစီလိုနာအသင်း၏ လာမည့်ပွဲစဉ် ၅ ပွဲကို လွဲချော်မည်ဖြစ်သည်။ ယင်းမှာ ဘာစီလိုနာနည်းပြ ဂွာဒီယိုလာအတွက် ဒုတိယမြောက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
အင်နီယေစတာ မတိုင်ခင် ဘာစီလိုနာ တိုက်စစ်မှူး ဆန်းချက်ဇ်မှာလည်း ရီးရဲလ်ဆိုစီဒက်အသင်းနှင့် လာလီဂါ အဖွင့်ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ရက်သတ္တပတ် ၈ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment