Monday, November 28, 2011

လာလီဂါ ပြိုင်ပွဲက မပြီးဆုံးသေးဟု ဗီလာဖွင့်ဟ


ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ်ဗီလာက ဒီဇင်ဘာ (၁၀) ရက်နေ့တွင် ကစားရမည့် ရီးရဲလ် အသင်းနှင့် အယ်လ် ကလက်စီကို ဒါဘီပွဲစဉ်တွင် အနိုင်ရရှိရန် မျှော်မှန်းထားကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။
ပြီးခဲ့သော စနေနေ့က ဂီတာဖေး အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဘာစီလိုနာ အသင်းမှာ ရီးရဲလ် အသင်းနှင့် (၆) မှတ်ကွာဟ သွားခဲ့ပြီး ဘာကာ ဂိုးသမား ဗဲလ်ဒက်စ်က သူတို့အသင်းမှာ ချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲသော အနေအထားသို့ ရောက်ရှိသွား ခဲ့ပြီဟု ၀န်ခံပြောကြား ခဲ့သော်လည်း ဗီလာကတော့ ရီးရဲလ် အသင်းနှင့် တွေဆုံးသည့် ပွဲစဉ်တွင် အနိုင်ကစားပြီး အမှတ်ကွာဟမှုကို လျော့ချပစ်ရန် မျှော်မှန်းထားကြောင်း ဖွင့်ဟခဲ့သည်။ဗီလာက “ပြိုင်ပွဲက မပြီးဆုံးသေး ပါဘူး။မကြာခင်မှာ ရီးရဲလ်နဲ့ ကစားရတော့မှာပါ အဲဒီပွဲမှာ ကျွန်တော်တို့ အနိုင် ကစားနိုင်ပါတယ် အဲဒါကိုပဲ ကျွန်တော်တို့ စိတ်ထဲထည့်ထားရမှာပါ”ဟု Barca TV သို့ပြောကြားခဲ့သည်။ဂီတာဖေးအား ရှုံးနိမ့်ခဲ့ရသည့် ပွဲစဉ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရမှာတော့ ဗီလာက ဂီတာဖေး အသင်း၏ ခံစစ် ကစားပုံကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရခြင်း ဖြစ်ပြီး ယခုပွဲ အရှုံးအား နောက်ပွဲတွင် ချေဖျက်ပြမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။
1david villa
ရီးရဲလ်ကို အနိုင် ကစားမည်ဟု ကြုံးဝါးခဲ့သည့် ဗီလာ

http://www.soccerweeklytips.com/   မှ တဆင့်ကူးယူတင်ပြသည် ။

No comments:

Post a Comment