ကမ္ဘာပေါ်တွင် မည်သည့် ဘောလုံး သမားမျှ တုနှိုင်း မမီအောင် ထူးချွန်သူ အဖြစ် လီယွန်နယ် မက်ဆီအား နေမာက ချီးကျူးပြောဆို လိုက်သည်။
ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်နှင့် ချယ်လ်ဆီး အသင်းများက စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသော ဘရာဇီးလ် လက်ရွေးစင် လူငယ် တိုက်စစ်မှူး လေးက ဘာစီလိုနာတွင် ကစားနေသော အာဂျင်တီးနား လက်ရွေးစင် အပေါ် အထူးလေးစား အားကျကြောင်း ဖွင့်ဟခဲ့သည်။ နေမာသည် ယခုသီတင်းပတ် အလယ်က ဘရာဇီးလ် အသင်းက အာဂျင် တီးနားကို ၂-၀ ဖြင့် အနိုင်ရသည့် ခြေစမ်းပွဲ အတွင်း ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့သည်။ အသက်(၁၉)နှစ်ရှိ ဆန်းတို့စ် တိုက်စစ်မှူး လေးက ပြိုင်ဘက် အာဂျင် တီးနားကို ချီးကျူးခဲ့ သလို ကမ္ဘာ့ အကောင်းဆုံး ဆုရှင် မက်ဆီကိုလည်း အလေးထား ဂုဏ်ပြုစကား ပြောဆိုသွားသည်။
စပိန်ထိပ်သီး နှစ်သင်းသည် နေမာကို ခေါ်ယူနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေသော်လည်း ချယ်လ်ဆီးကလည်း ၎င်းအပေါ် စိတ်ဝင်စား နေဆဲဖြစ်သည်။ ယခုအခါ ရုရှားကလပ် အန်ဇီးကို ကြားဖြတ်နည်း ပြအဖြစ် တာဝန်ယူ ထားသူ ဘရာဇီးလ် ၀ါရင့် ကစား သမားကြီး ရောဘတ်တို ကားလို့စ်ကလည်း နေမာကို အလိုရှိကြောင်း ဖွင့်ဟပြောဆို ထားသည်။
ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်နှင့် ချယ်လ်ဆီး အသင်းများက စိတ်ဝင်တစား စောင့်ကြည့်ခြင်းကို ခံနေရသော ဘရာဇီးလ် လက်ရွေးစင် လူငယ် တိုက်စစ်မှူး လေးက ဘာစီလိုနာတွင် ကစားနေသော အာဂျင်တီးနား လက်ရွေးစင် အပေါ် အထူးလေးစား အားကျကြောင်း ဖွင့်ဟခဲ့သည်။ နေမာသည် ယခုသီတင်းပတ် အလယ်က ဘရာဇီးလ် အသင်းက အာဂျင် တီးနားကို ၂-၀ ဖြင့် အနိုင်ရသည့် ခြေစမ်းပွဲ အတွင်း ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ရယူနိုင်ခဲ့သည်။ အသက်(၁၉)နှစ်ရှိ ဆန်းတို့စ် တိုက်စစ်မှူး လေးက ပြိုင်ဘက် အာဂျင် တီးနားကို ချီးကျူးခဲ့ သလို ကမ္ဘာ့ အကောင်းဆုံး ဆုရှင် မက်ဆီကိုလည်း အလေးထား ဂုဏ်ပြုစကား ပြောဆိုသွားသည်။
"အာဂျင် တီးနားဟာ အကောင်းဆုံး အသင်း တစ်ခုပါ" ဟု ဆန်းတို့စ်၏ ပေါင်စတာလင် သန်း(၄၀)ထိ ဈေးနှုန်း
သတ်မှတ်ခြင်း ခံထားရသော လူငယ် ကြယ်ပွင့်လေးက ဆိုသည်။ ရီးယဲလ်နှင့် ဘာစီလိုနာ တစ်သင်းသင်းသို့ ရောက်မည်ဟု သတင်းကြီး နေသည့် နေမာက "ခင်ဗျားတို့ အနေနဲ့ မက်ဆီကို ဘယ်သူနဲ့မှ နှိုင်းယှဉ် ပြနိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ အလိမ်အခေါက် ပုံစံက နီးနီး ကပ်ကပ်လေးနဲ့ သပ်ရပ်လွန်းတယ်။ ဒါမျိုး ဘယ်သူမှ လိုက်မလုပ် နိုင်ဘူး။ တကယ့် ပါရမီရှင် ကစားသမား မျိုးသာ အဲဒီလို လုပ်ပြနိုင်ပါ လိမ့်မယ်။ ကျွန်တော် သူ့လို လိုက်လုပ် ပါသေးတယ်။ အဆင် မပြေပါဘူး"ဟု သတင်းထောက် များအား ရယ်ရယ်မောမောဖြင့် ပြောကြားသွားသည်။စပိန်ထိပ်သီး နှစ်သင်းသည် နေမာကို ခေါ်ယူနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေသော်လည်း ချယ်လ်ဆီးကလည်း ၎င်းအပေါ် စိတ်ဝင်စား နေဆဲဖြစ်သည်။ ယခုအခါ ရုရှားကလပ် အန်ဇီးကို ကြားဖြတ်နည်း ပြအဖြစ် တာဝန်ယူ ထားသူ ဘရာဇီးလ် ၀ါရင့် ကစား သမားကြီး ရောဘတ်တို ကားလို့စ်ကလည်း နေမာကို အလိုရှိကြောင်း ဖွင့်ဟပြောဆို ထားသည်။
No comments:
Post a Comment