ဘာကာတွင် ဂိုးအများဆုံး သွင်းရန် ဆန္ဒ ရှိနေသည့် မက်ဆီ |
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးက ဆီဇာရို ဒရီဂွတ်ဇ်၏ နူးကမ့်ဂိုးသွင်း ဘုရင် မှတ်တမ်းကို ကျော်ဖြတ်နိုင်ရန် မျှော်လင့်ကြောင်း ၀န်ခံခဲ့သည်။
၎င်းက ဆီဇာ၏ အထင်ကြီး လေးစားဖွယ် မှတ်တမ်းကို အားကျကြောင်းနှင့် ယင်းကို ကျော်ဖြတ်နိုင်ရန်ကြိုးစားသွား မည်ဖြစ်ကြောင်း ပြောကြားသွားသည်။ ဆီဇာသည် ဘာစီ လိုနာအတွက် (၂၃၅)ဂိုး သွင်းယူကာ ဂိုးအများဆုံး သွင်းသူအဖြစ် မှတ်တမ်းဝင် နေသည်။
မက်ဆီသည် အက်သ လက်တီကို မက်ဒရစ်အား (၅-၀)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင်Hat-Trick ရခဲ့ပြီးနောက်
အသင်းအတွက် (၁၉၂)ဂိုးထိ သွင်းယူပေးပြီး ဖြစ်နေသည်။ Barca TVနှင့် အင်တာဗျူးတွင် မက်ဆီက “ကျွန်တော် စံချိန်တွေနဲ့ ပတ်သက်လို့ အမြဲတမ်း တည်တည်ငြိမ်ငြိမ် မျှော်လင့်ခဲ့ ပါတယ်။ ကျွန်တော်ပွဲစဉ် တစ်ခုချင်း စီကိုပဲ အာရုံစူးစိုက် ထားတာပါ။ ဒါပေမဲ့ အသင်းအတွက် စံချိန်တင် ဂိုးသွင်းရှင် ဖြစ်လာမယ် ဆိုတဲ့ အချက်ကတော့ ကျွန်တော့်ကို အမြဲတမ်း စိတ်လှုပ်ရှား စေပါတယ်”ဟု ပြောကြားသွားသည်။ “ဆီဇာဟာ နှစ်တွေ အများကြီး ကြာနေပေမယ့် ဘာစီ လိုနာရဲ့ ထာဝရ ဂိုးသွင်းဘုရင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုမပြောင်းမလဲ ထိန်းထား နိုင်တုန်းပါ။ သူ့ရဲ့ မှတ်တမ်းတွေကို ကျော်ဖြတ်ဖို့ ကျွန်တော်မျှော်လင့် ထားပါတယ်။ ဘာစီ လိုနာနဲ့ အတူ ကောင်းမွန်တဲ့ စံချိန်သစ် တွေလည်း ရချင် ပါသေးတယ်” ဟု မက်ဆီက ဆက်လက် ပြောဆိုခဲ့သည်။
အသက်(၂၄)နှစ်ရှိ မက်ဆီသည် ဘာစီ လိုနာနှင့် ပထမဆုံး ပွဲစဉ်ကို (၂၀၀၄)ခုနှစ်၊ အောက်တို ဘာလက စတင်ပွဲထွက် ပါဝင်ခွင့် ရလာခဲ့သည်။ ၎င်း၏ ပြိုင်ပွဲအဆင့် ပထမဆုံး သွင်းဂိုးကို (၂၀၀၅)ခုနှစ်၊ မေလတွင် အယ်လ်ဘာ စီတီဘက်သို့ သွင်းယူ နိုင်ခဲ့သည်။
No comments:
Post a Comment