Tuesday, October 4, 2011

ဘာကာအသင်းကို နိုင်ချင်ရင် သူတို့ဆီက ပြန်လည်သင်ယူရပါ့မယ် -Rooney

နောက်ဆုံးသုံးနှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းနှင့် နှစ်ကြိမ်အထိ တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်စလုံး အရှုံးပေးခဲ့ရသော မန်ယူအသင်း၏ တိုက်စစ်မှူး ၀ိန်းရူနေက မိမိတို့အနေဖြင့် ယခုရာသီတွင် ဘာစီလိုနာအသင်းနှင့် ထပ်မံတွေ့ဆုံခဲ့ပါက သူတို့ထံမှ ကစားနည်းကို မသင်ယူမိလျှင် မည်သည့်နည်းနှင့်မျှ အနိုင်ရနိုင်ဖွယ် မရှိကြောင်း ပြောကြားသွားခဲ့သည်။

Rooney က "သူတို့ရဲ့ ဘောလုံးအထိန်းအသိမ်း၊ သူတို့ရဲ့ ဘောလုံးစွမ်းရည်၊ သူတို့ရဲ့ passing game တွေကြောင့် ဘာစီလိုနာအသင်းရဲ့ ကစားပုံတွေဟာ စွဲမက်ဖွယ် ဖြစ်နေသလို ဘောလုံးပရိတ်သတ် အတော်များများက နှစ်သက်နေကြတာပါ.. သူတို့ဟာ ဘောလုံးဆုံးရှုံးသွားတာနဲ့ ကစားသမား အကုန်လုံးက ဒီဘောလုံးကို ပြန်ရဖို့ ကြိုးစားကြပါတယ်.. သူတို့ ခြေထဲ ဘောလုံးပြန်ရောက်ပြီဆိုမှ ကစားကွက်ကို လိုသလို ဖော်ယူတယ်လို့ ကျွန်တော် ထင်ပါတယ်... ကျွန်တော်တို့လဲ အဲဒီလို ကစားဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်.. သူတို့ ပေးခဲ့တဲ့ ပညာပါ.. အဲဒီအတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်"ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment