ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီက ပြီးခဲ့သည့် ဗလင်စီယာ အသင်းနှင့် တစ်ဘက် ၂ ဂိုးစီ သရေကျခဲ့သည့် ပွဲစဉ်တွင် ၎င်းတို့ အသုံးပြုခဲ့သည့် ၃း၎း၃ ကစားကွက် ပုံစံသစ်သည် အသင်းအတွက် ခက်ခဲမှုများ ရှိခဲ့ကြောင်း ၀န်ခံပြောဆိုလိုက်သည်။ ယင်းပွဲစဉ်တွင် နောက်တန်းခံစစ် ဒဏ်ရာ ပြဿနာများကြောင့် ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာသည် ၃း၎း၃ ကစားကွက်ကို အသင်း အတွက် စမ်းသပ် အသုံးပြုခဲ့သည်။
အဆိုပါ ကစားကွက်ကြောင့် ဘာစီလိုနာ အသင်းမှာ ဗလင်စီယာ အသင်း၏ တိုက်စစ်ဆင် ထိုးဖောက်မှုများကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပြီး ပြိုင်ဘက် အသင်းကို ပြန်လည် ဖိအား ပေးနိုင်ခဲ့ခြင်းမျိုး မရှိသေးပေ။
ယင်းနှင့်ပတ်သက်၍ ဇာဗီက " ၃း၎း၃ ကစားကွက်ဟာ ကျွန်တော်တို့ အသင်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် အဲဒါက အရေးကြုံတဲ့အခါ ခံစစ်နေရာ အတွက်တော့ သိပ်ပြီး ခက်ခဲပါတယ်။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းလိုလိုမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံး ဖြစ်ခဲ့ပေမယ့် ကံတရား ကတော့ ကျွန်တော်တို့ဘက်မှာ ရှိမနေခဲ့ပါဘူး”ဟု ဗလင်စီယာနှင့် ပွဲအပြီးတွင် ပြောကြား သွားခဲ့သည်။
ဟုတ်ပါတယ် ဇာဗီ ဟာနန်ဒက် ပြောတာ မှန်ပါတယ် ဘယ်ပွဲမှ ပင်နယ်တီ ၊ ဖရီးကစ်များမရခဲ့ပါ ၊ မက်ဆီ ၁၈ ကိုက် ထဲမှာ လှဲတာလည်း ၃ ကြိမ် အထက်ပင်ရှိနေပါပြီ ။ ဒိုင်လူကြီးများ အနေနဲ့ မျက်ကွယ်ပြုထားကြတာပါ ။ အလွန် နစ်နာစေခဲ့ပါတယ် ။ဘာစီလိုနာ ကစားသမားများက ကျွမ်းကျင်မှုကို ဥိးစားပေးကစားခဲ့ကြတာပါ ။
အမြဲတမ်း အောင်ပွဲများနဲ့သာ ပြုံးပျော်နိုင်ရန် ဆုတောင်းပေးလိုက်ပါတယ်

No comments:
Post a Comment