Wednesday, November 30, 2011

ဂွာဒီယိုလာအား ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာရန် မျှော်လင့်နေသည့် အသင်း ဥက္ကဌ ဆန်ဒရို ရိုစ်ဆဲလ်

 ဂွာဒီယိုလာအား ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာရန် မျှော်လင့်နေသည့် အသင်း ဥက္ကဌ ဆန်ဒရို ရိုစ်ဆဲလ်
ဂွာဒီယိုလာအား ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာရန် မျှော်လင့်နေသည့် အသင်း ဥက္ကဌ ဆန်ဒရို ရိုစ်ဆဲလ်က
ဘာစီလိုနာ၏နည်းပြ ဂွာဒီယိုလာအား အသင်းနှင့် နှစ်ရှည် လက်တွဲသွားနိုင်မည့်သူ တစ်ဦးဖြစ်လာရန် မျှော်လင့်နေပြီး ၊ ဘာစီလိုနာ၏ ဖာဂူဆန်ဖြစ်လာနိုင်ကြောင်း ထုတ်ဖေါ်ပြောကြား လိုက်သည် ။ ဂွာဒီယိုလာသည် ဘာစီလိုနာအား သူကိုင်တွယ်သည့် နှစ်အနည်းငယ် အတွင်း စံချိန်တင်အောင်မြင်မှု့များစွာကို ရယူပေးခဲ့သူဖြစ်သည် ။ သို့သော် ဘာစီလိုနာတွင် အမြစ်တွယ် မည့် လက္ခဏာ မပြသည့် ဂွာဒီယိုလာအား ဘာစီလိုနာဥက္ကဌ အနေဖြင့် အသင်းတွင် ရေရှည် တာဝန်ယူခိုင်း လိုနေပြီး မန်ချက်စတာယူနိုက်တက်တွင် (၂၅)နှစ်ကြာ ကိုယ်တွယ်ခဲ့သည့် ဆာအဲလက်စ်ဖာဂူဆန် ကဲ့သို့  မြင်တွေ့ လိုနေသည် ။
သူကပြောကြားခဲ့ရာတွင် “ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာရဲ့ ဖာဂူဆန်ဖြစ်လာဖို့ဆိုတာ ကျွန်တော့်အိမ်မက် ပါ ၊ အခုလက်ရှိ ဘာစီလိုနာရဲ့ ပုံဖော်မှု့တွေဟာလဲ သူရဲ့ စိတ်ကူးစိတ်သန်း တွေအောက်မှာ ရှိနေတာပါ ၊ သူ့အနေနဲ့ ဆာအဲလက်စ်ဖာဂူဆန် မန်ချက်စတာယူနိုက်တက် ကို ကိုင်တွယ်သွားတဲ့ နှစ်တွေထက် ပိုပြီး ရေရှည်ကိုင်တွယ်သွား မယ်လို့လည်း မျှော်လင့်ပါတယ် ၊ တကယ်ဆိုရင် ဘာစီလိုနာရဲ့ချာတိတ် ဘ၀ ကနေ ကစားသမား ၊ အဲ့ဒီကမှ နည်းပြဖြစ်လာခဲ့တဲ့ သူဟာ ဘာစီလိုနာနဲ့ တစ်သွေးတည်း တစ်သားတည်း ရှိနေတဲ့ အစိတ်အပိုင်းတစ်ခု ၊ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ ဒေါက်တိုင်တစ်ခုဆိုတာ အသေအခြာပါပဲ” ဟု သူ၏ မျှော်လင့်ထားနေမှု့နှင့် ပတ်သတ်ပြီး ထုတ်ဖေါ်ပြောကြားသွားသည် ။
http://mutdfan.com/  မှ ကူးယူတင်ပြသည် ။

No comments:

Post a Comment