Wednesday, January 11, 2012

ဘာစီလိုနာကို အကောင်းဆုံး အသင်းပါဟု ချီးကျူးလိုက်တဲ့ ဆာအဲလက်စ်

ဇူးရစ်တွင် ကျင်းပသော ကမ္ဘာ့ အကောင်းဆုံး ဆုများပေး အပ်သည့် အခမ်း အနားသို့ တက်ရောက် ခဲ့သော မန်ယူ အသင်းရဲ့ မန်နေဂျာ ဖြစ်သူ ဆာအဲလက်စ် ဖာဂူဆန်က ဘာစီလိုနာ အသင်းနှင့် အတူ ခမ်းနားကြီး ကျယ်သော အောင်မြင် မှုများ ရယူနေသည့် နည်းပြ ဂွါဒီယိုလာ အပေါ် ချီးကျူး ဂုဏ်ပြု သွားသည်။
မန်ယူ အသင်းမှ အနားယူ ချိန်ရောက် ပါက မိမိ၏ aနရာကို ဂွါဒီယိုလာနှင့် အစားထိုးသွား မှာလား ဆိုသည့် မီဒီယာ သမားများ၏ မေးမြန်း ချက်များ ကိုမူ ဖာဂူဆန်က အံ့ဩဖွယ်ရာ ထိပ်တန်း အဆင့် အောင်မြင် မှုရရှိနေတဲ့ ဘာစီလိုနာလို အသင်း ကနေ ထွက်ခွာဘို့ ဂွါဒီယိုလာက ဘာကြောင့် ထွက်ခွာ ရမှာလဲ ဆိုသော မေးခွန်းနှင့် ပြန်လည် ဖြေကြား ခဲ့သည်။

ဂွါဒီယိုလာနှင့်အတူ တွေ့ခဲ့ရသော ဖာဂူဆန်
ဖာဂူဆန်က “ဘာစီလိုနာကနေ ဘာလို့ ဂွါဒီယိုလာက ထွက်ခွာ ရမှာလဲ။ ကျွန်တော်သာ သူ့ရဲ့နေရာမှာ ဆိုရင်လည်း ကိုယ်ရောက်နေတဲ့ နေရာမှာ ဆက်လက် တည်မြဲနေအောင် တတ်နိုင်သမျှ ကြိုး စားနေမှာပါ။ အခုအချိန်မှာ ဘာစီလိုနာက အကောင်းဆုံး အသင်း ဖြစ်နေတယ် ဆိုတာကို ကျွန်တော်တို့ သုံးနှစ်တိတိ အတွေ့အကြုံရှိပြီး သားမို့ သိနေကြပါတယ်။ တခါတရံ ဘောလုံးလောက မှာ လက်မြှောက်ပြီး သူတို့က ကျွန်တော်တို့ထက် ပိုကောင်း ပါတယ်လို့ ဝန်ခံပြောကြား ရတာတွေ ရှိပါတယ်။” ဟု ဝန်ခံပြောကြား ခဲ့သည်။
“ဒီလိုပြောတာက ပြစ်မှု ကျူးလွန်တာ မဟုတ်သလို သွေးနည်းတာလဲ မဟုတ်ပါဘူး။ မက်ဆီလို ကစားသမား နဲ့အတူ ဘာစီလိုနာ အသင်းရဲ့ ထိပ်တန်း စွမ်းဆောင်ချက်တွေကို အကောင်းဆုံး အသင်းလို့ ရှင်းရှင်း လင်းလင်း ဝန်ခံတာပဲဖြစ် ပါတယ်။ ဒီနှစ်မှာလည်း ဘယ်အသင်းကမှ သူတို့ဆီကနေ ဆုဖလားတွေ လုယူတာမျိုး ကျွန်တော် မြင်လို့ မရသေးတာ မှန်ပေမယ့် ရှိခဲ့မယ် ဆိုရင်လည်း သူတို့ရဲ့ အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် လို အသင်းပဲ ဖြစ်ပါလိမ့်မယ်။” ဟု ဖာဂူဆန်က ထပ်လောင်းပြောကြား ခဲ့သည်။
အဆိုပါ ဆုပေးပွဲတွင် ၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံး နည်းပြ ဆုနှင့် လွဲချော်ခဲ့ရသော်လည်း အကောင်းဆုံး ထိပ်တန်းအဆင့် စွမ်းဆောင်နိုင်သူ အထူးဆု ကို မန်ယူအသင်းရဲ့ သက်တော်ရှည် ဖာဂူဆန်က ဆွတ်ခူး ရရှိခဲ့တာကို လည်း တွေ့ရှိခဲ့ရပါတယ်။
http://www.myanmarstriker.com/  မှ ကူးယူတင်ပြသည် ။

No comments:

Post a Comment