ဂီတာဖေး အသင်းအား ရှုံးနိမ့်ခဲ့သည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဘာကာ နည်းပြ ဂွာဒီယိုလာ အတွက် သတင်းကောင်း တစ်ပုဒ် အနေဖြင့် အသင်း၏ အဓိက ကွင်းလယ် ကစားသမားများ ဖြစ်သော အင်နီယေစတာ နှင့် ဖာဘရီဂတ်စ်တို့ ကြံ့ခိုင်မှု ပြန်လည် ရရှိလာပြီး ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်လာနိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အင်နီယေစတာမှာ အေစီမီလန်နှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် ပြီးခဲ့သော စနေနေ့က ပွဲစဉ်နှင့် လွဲချော်ခဲ့ရသူ ဖြစ်သော်လည်း ယခုအခါတွင် အသင်း၏ တရားဝင် ၀က်ဘ်ဆိုက်မှ ကြေငြာချက် အရ ကြံ့ခိုင်မှု အပြည့်ပြန်လည် ရရှိလာပြီး ဖြစ်ကြောင်း သိရသည်။ထို့အတူ အသေးစား ဒဏ်ရာ ပြဿနာများ ရှိနေသော ဖာဘရီဂတ်စ်မှာလည်း ဒဏ်ရာများ သက်သာ ပျောက်ကင်းလာပြီး လေ့ကျင့်ခန်း ပြန်လည် ပြုလုပ်လာနိုင်ပြီ ဖြစ်သည်။အဆိုပါ ကွင်းလယ် ကစားသမား နှစ်ဦးစလုံးမှာ အင်္ဂါနေ့တွင် ကစားရမည့် ဗလက်ကာနိုနှင့် လာလီဂါ ပွဲစဉ်တွင် ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။
ကြံ့ခိုင်မှု ပြန်လည် ရရှိလာသည့် ဘာကာ ကွင်းလယ် ကစားသမားများ
http://www.soccerweeklytips.com/ မှ တဆင့်ကူးယူတင်ပြသည် ။
ကျန်းမာချမ်းသာ ကြပါစေဗျာ
No comments:
Post a Comment