Sunday, November 27, 2011

ကံမကောင်း၍ ရှုံးခဲ့ခြင်းသာ ဖြစ်သည်ဟု ဂွာဒီယိုလာ ကာကွယ် ပြောကြား

ဘာစီလိုနာ နည်းပြ ဂွာဒီယိုလာက သူ၏ အသင်း ဂီတာဖေးအား ရှုံးနိမ့်ခဲ့ရခြင်းမှာ ကံမကောင်း၍သာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ အသင်းမှာ ဗယ်လ်လီရာ၏ ဒုတိယပိုင်း သွင်းဂိုးဖြင့် ဂီတာဖေး အသင်းအား အရှုံးပေး ခဲ့ရခြင်းဖြစ်ကာ ဂွာဒီယိုလာကတော့ သူတို့၏ အိမ်အပြန်ကို (၃) မှတ်ပါသွားအောင်း မလုပ်နိုင်ခြင်းမှာ ကံမကောင်းသောကြောင့်သာ ဖြစ်သည်ဟု ကာကွယ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ဂွာဒီယိုလာက “ကျွန်တော် ပွဲစဉ်တွေ အများကြီး ဆက်ကစားရဦး မှာပါ။ကျွန်တော်တို့ရဲ့ ဒီနေ့ ပြိုင်ဘက်ကိုတော့ ဂုဏ်ပြုစကား ပြောရပါမယ် ဒါပေမဲ့ သူတို့ အသင်းက ကျွန်တော်တို့ထက် ဘာမှ ပိုကောင်းတာ မတွေ့ရပါဘူး”ဟု မာကာ သတင်းစာသို့ ပြောကြားခဲ့သည်။ဘာစီလိုနာ အသင်းမှာ လက်ရှိအချိန်တွင် ဇယားထိပ်ဆုံးမှ ဦးဆောင်နေသာ ရီးရဲလ်နှင့် (၆)မှတ်ထိကွာဟ နေပြီဖြစ်သော်လည်း ဂွာဒီယိုလာကတော့ ယခုအရှုံး ရလာဒ်မှ အကောင်းဆုံး ပြန်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသွား ခဲ့သည်။
1.guardiola
ကံမကောင်း၍ ရှုံးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည့် ဂွာဒီယိုလာ
http://www.soccerweeklytips.com/  မှ တဆင့်ကူးယူတင်ပြသည် ။

No comments:

Post a Comment