ဘာစီလိုနာ အသင်းသည် အေစီ မီလန်အသင်း ခံစစ်မှူး သီယာဂို ဆေးလ်ဗားကို ခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက် (၂၇)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် ဗဟို နောက်ခံလူသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မီလန်အသင်း အီတလီ စီးရီးအေ ချန်ပီယံ ဖြစ်လာစေရန် အထူး ခြေစွမ်းပြ ကစားခဲ့သည်။ ဘာစီ လိုနာသည်
အသက် အရွယ်ကြောင့် အကျပိုင်း ရောက်လာသည့် ကားလက်စ် ပူယိုးလ် နေရာတွင် ရေရှည် အစားထိုး နိုင်ရန် အတွေ့အကြုံရင့် ခံစစ်မှူး တစ်ဦးကို ရှာဖွေနေပြီး ဘော်လ်တန် အသင်းမှ ဂယ်ရီ ကာဟေးလ်ကိုလည်း လေ့လာမှုများ ပြုလုပ်နေသည်။ ယခုအခါ ဘာစီလိုနာ နည်းပြ ဂျိုးဆက်ဂွာဒီ ယိုလာသည် ဆေးလ်ဗားကို ခေါ်ယူရန် မျက်စိ ကျလာကြောင်း သတင်းများက ဖော်ပြခဲ့သည်။ဘာစီ လိုနာ၏ အစဉ်အလာ ပြိုင်ဘက်ကြီး ရီးယဲလ် မက်ဒရစ် သည်လည်း ဆေးလ်ဗားကို ခေါ်ယူနိုင်ရန် ချိတ်ဆက် ကြိုးပမ်းမှုများ ပြုလုပ် ခဲ့ဖူးသည်။ ဆေးလ်ဗားက မိမိသည် ဘာနေဗျူးသို့ သွားရောက်ရန် အခွင့်အရေး ရခဲ့သော်လည်း ဇနီးဖြစ်သူက မီလန်မြို့တွင် ပျော်ရွှင် နေသဖြင့် ယင်းကို ငြင်းဆန်ခဲ့ကြောင်း ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။ Mundo Deportivo သတင်းစာက ဆေးလ်ဗားသည် လက်ရှိတွင် ဥရောပ၏ အောင်မြင်မှု အကြီးမားဆုံး ကလပ်အသင်း အဖြစ် ရပ်တည်နေသော ဘာစီ လိုနာ၏ စိတ်ဝင်စားမှုကို လက်ခံ ကြိုဆိုဖွယ် ရှိနေကြောင်း သုံးသပ် ဖော်ပြသွားသည်။

အေစီ မီလန် ခံစစ်မှူး သီယာဂို ဆေးလ်ဗား
အသက် (၂၇)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် ဗဟို နောက်ခံလူသည် ပြီးခဲ့သည့် ဘောလုံး ရာသီက မီလန်အသင်း အီတလီ စီးရီးအေ ချန်ပီယံ ဖြစ်လာစေရန် အထူး ခြေစွမ်းပြ ကစားခဲ့သည်။ ဘာစီ လိုနာသည်
အသက် အရွယ်ကြောင့် အကျပိုင်း ရောက်လာသည့် ကားလက်စ် ပူယိုးလ် နေရာတွင် ရေရှည် အစားထိုး နိုင်ရန် အတွေ့အကြုံရင့် ခံစစ်မှူး တစ်ဦးကို ရှာဖွေနေပြီး ဘော်လ်တန် အသင်းမှ ဂယ်ရီ ကာဟေးလ်ကိုလည်း လေ့လာမှုများ ပြုလုပ်နေသည်။ ယခုအခါ ဘာစီလိုနာ နည်းပြ ဂျိုးဆက်ဂွာဒီ ယိုလာသည် ဆေးလ်ဗားကို ခေါ်ယူရန် မျက်စိ ကျလာကြောင်း သတင်းများက ဖော်ပြခဲ့သည်။
No comments:
Post a Comment