Tuesday, September 27, 2011

ဘာစီလို နာကို အနိုင်ယူရန် အသင်းတိုင်းတွင် အခွင့်အရေး ရှိကြောင်း ဂွာဒီယိုလာ ပြောကြား

ဘာစီ လိုနာကို အနိုင် ယူသွားရန် မည်သည့် အသင်းတွင် မဆို အခွင့်အရေး ရှိကြောင်း ဂျိုးဆက် ဂွာဒီ ယိုလာက သုံးသပ် ပြောကြား လိုက်သည်။
လက်ရှိ ဥရောပနှင့် စပိန်ချန်ပီယံ ကလပ် အသင်းသည် ပြီးခဲ့သည့် သီတင်းပတ်က အက်သလက် တီကို မက်ဒရစ်အား ခြေစွမ်း ပြတ်ပြတ်သားသား အသာစီး ယူကာ (၅-၀)ဖြင့် အနိုင် ရခဲ့သည်။ သို့သော်လည်း ဘာစီလိုနာ နည်းပြဖြစ်သူ ဂွာဒီ ယိုလာက ဘောလုံး လောကတွင် မည်သည့် အရာမဆို ဖြစ်နိုင်ပြီး အနိုင်ယူ၍ မရသော အသင်းမျိုး မရှိကြောင်း မှတ်ချက်ပြု ခဲ့သည်။ အိုဆာ စူနာကို (၈-၀)ဖြင့် အနိုင်ယူပြီး တစ်ပတ်အတွင်း အက်သလက်တီ ကိုအား ဂိုးပြတ်ထပ်သွင်း ခဲ့သော်လည်း ဂွာဒီ ယိုလာက “ကျွန်တော်တို့ အသင်းဟာ ဘယ်တော့မှ မရှုံးမယ့် အသင်းမျိုး မဟုတ်ပါဘူး။ ဘယ်အသင်း မဆို ကျွန်တော်တို့ကို
အနိုင်ယူသွား ဖို့ဖြစ်နိုင် ပါတယ်”ဟု ရိုးရိုး သားသားပင် ပြောဆိုခဲ့သည်။


ဘာစီလိုနာ၏ ပဲ့ကိုင်ရှင် ဂွာဒီယိုလာ

“ကျွန်တော်တို့ အသင်းဟာ ပရိသတ်တွေ အတွက် အကောင်းဆုံး ကစားပေးဖို့ အမြဲ ကြိုးစားပါတယ်။ ကျွန်တော်တို့ကို လာအားပေးသူ တွေကို အကောင်းဆုံး အချိန်တွေ ပေးနိုင်ဖို့ ဆိုတာ ကျွန်တော်တို့ အတွက် အရေး အကြီးဆုံး အရာပါ။ အက်သလက် တီကိုနဲ့ပွဲမှာ ကျွန်တော်တို့အသင်း ကစားပုံ ကောင်းခဲ့ပါတယ်။ ဒါဟာ စူးစိုက်မှုရဲ့ ရလဒ်ကောင်းတစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ဒီပုံစံ ကောင်းကို ဆက်ထိန်းထားဖို့ လုပ်ရပါမယ်။ ဒီရာသီမှာ ကျွန်တော်တို့ အတွက် နောက်ထပ် ပြိုင်ဆိုင်မှုတွေ ရှိလာဦးမှာပါ” ဟု ဂွာဒီယိုလာက သုံးသပ်သွားသည်။

ထို့အပြင် အက်သ လက်တီကိုနှင့် ပွဲတွင် Hat-Trick သွင်းခဲ့သည့် လီယွန်နယ် မက်ဆီနှင့် ပတ်သက်ပြီး နည်းပြကြီးက “သူဟာ အကောင်းဆုံး ကစား သမား ဆိုတာ နောက်တစ်ခါ သက်သေပြ လိုက်တာပါ။ သူ့အတွက် ဂုဏ်ယူ ပါတယ်လို့ ပြောရုံက လွဲရင် ကျွန်တော်တို့ ဘယ်လို ချီးကျူးရမှန်း မသိတော့ဘူး။ သူ့ ကစားပုံကို ရှင်းပြဖို့ မကြိုးစားပါနဲ့။ မဖြစ်နိုင် ပါဘူး။ သူလှုပ်ရှား တာကို လိုက်ကြည့် နေတာက ကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောကြားသွားသည်။
http://soccermyanmar.com/  မှ တဆင့် ကူးယူတင်ပြသည် .


No comments:

Post a Comment