ဘာစီလိုနာ အနေနှင့် ဇန်န၀ါရီ ဈေးကွက် ဖွင့်ချိန်တွင် ဂယ်ရီ ကာဟေးလ်အား ပေါင်စတာလင် (၁၀)သန်းဖြင့် ကမ်းလှမ်းရန် စီစဉ် ထားပြီဟု သတင်းများက ဖော်ပြခဲ့သည်။
သို့သော်လည်း ယခုအခါ ကစားသမားနှင့် ဘော်လ်တန်တို့ကြား စာချုပ် သက်တမ်းမှာ ရာသီကုန်တွင် ပြီးဆုံးတော့မည် ဖြစ်သဖြင့် ဘာစီလိုနာက သတ်မှတ်ဈေးထက် လျော့နည်းသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။ Daily Star သတင်းစာက စပိန်နှင့် ဥရောပ ချန်ပီယံသည် အသက်အရွယ် ရလာပြီဖြစ်သည့် ကားလက်စ် ပူယိုးလ် နေရာတွင် ရေရှည် အစားထိုးရန် အတွက် ကြံ့ခိုင်မှုပိုင်း ကောင်းမွန်သော ကာဟေးလ်ကို မျက်စိ ကျနေခြင်းဟု ဖော်ပြခဲ့သည်။ ဘာစီလိုနာနှင့် နီးစပ်သူ တစ်ဦးက “ရုတ်တရက်ဆို မဖြစ်နိုင်ဘူးလို့ ထင်ရမှာပါ။ ဒါပေမဲ့ ဘာစီလိုနာက ကာဟေးလ်ကို တကယ်ပဲ စောင့်ကြည့်နေတာပါ။ သူဟာ ငယ်ရွယ်ပါတယ်။ နောက်ပြီး အင်္ဂလန် အသင်းမှာလည်း လက်ရွေးစင် ဖြစ်နေပါပြီ။ သူလို ကစားသမားများကို မလိုချင်ဘူးလို့ ငြင်းတဲ့ အသင်းမျိုး မရှိလောက်ပါဘူး” ဟု သတင်းစာသို့ ပြောကြားခဲ့သည်။
ကာဟေးလ်အား အင်္ဂလန်နှင့် စပိန် ကလပ်များ အပြင် အခြား ဥရောပ ကလပ်များကလည်း စောင့်ကြည့်နေကြောင်း သတင်းများကဆိုသည်။ အီတလီမှ အေစီမီလန်၊ အင်တာမီလန်တို့ အပြင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြုးနစ်နှင့် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းတို့ကလည်း ကာဟေးလ်ကို လေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
အာဆင်နယ်၊ တော့တင်ဟမ် ဟော့စပါး အသင်းတို့က စိတ်ဝင်စား နေသော အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးကို ဘာစီလိုနာက ယခုလ အစောပိုင်း ကတည်းက စတင် စောင့်ကြည့်နေခဲ့သည်။ ကာဟေးလ်ကို ဘာစီလိုနာ၏ အစဉ်အလာ ပြိုင်ဘက်ကြီးရီးယဲလ် မက်ဒရစ်ကလည်း အလို ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ဘော်လ်တန်သည် နွေရာသီ အပြောင်းအရွှေ့ ကာလက ကာဟေးလ် အတွက် ပေါင်စတာလင် (၁၇)သန်းထိ ဈေးခေါ်ခဲ့သဖြင့် အာဆင်နယ်နှင့် စပါးတို့၏ ကြိုးပမ်းမှုများ
တပ်လန်ခဲ့ပြီး ကစားသမားမှာလည်း အသင်းတွင်သာ ဆက်ရှိ နေခဲ့သည်။သို့သော်လည်း ယခုအခါ ကစားသမားနှင့် ဘော်လ်တန်တို့ကြား စာချုပ် သက်တမ်းမှာ ရာသီကုန်တွင် ပြီးဆုံးတော့မည် ဖြစ်သဖြင့် ဘာစီလိုနာက သတ်မှတ်ဈေးထက် လျော့နည်းသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။ Daily Star သတင်းစာက စပိန်နှင့် ဥရောပ ချန်ပီယံသည် အသက်အရွယ် ရလာပြီဖြစ်သည့် ကားလက်စ် ပူယိုးလ် နေရာတွင် ရေရှည် အစားထိုးရန် အတွက် ကြံ့ခိုင်မှုပိုင်း ကောင်းမွန်သော ကာဟေးလ်ကို မျက်စိ ကျနေခြင်းဟု ဖော်ပြခဲ့သည်။ ဘာစီလိုနာနှင့် နီးစပ်သူ တစ်ဦးက “ရုတ်တရက်ဆို မဖြစ်နိုင်ဘူးလို့ ထင်ရမှာပါ။ ဒါပေမဲ့ ဘာစီလိုနာက ကာဟေးလ်ကို တကယ်ပဲ စောင့်ကြည့်နေတာပါ။ သူဟာ ငယ်ရွယ်ပါတယ်။ နောက်ပြီး အင်္ဂလန် အသင်းမှာလည်း လက်ရွေးစင် ဖြစ်နေပါပြီ။ သူလို ကစားသမားများကို မလိုချင်ဘူးလို့ ငြင်းတဲ့ အသင်းမျိုး မရှိလောက်ပါဘူး” ဟု သတင်းစာသို့ ပြောကြားခဲ့သည်။
ကာဟေးလ်အား အင်္ဂလန်နှင့် စပိန် ကလပ်များ အပြင် အခြား ဥရောပ ကလပ်များကလည်း စောင့်ကြည့်နေကြောင်း သတင်းများကဆိုသည်။ အီတလီမှ အေစီမီလန်၊ အင်တာမီလန်တို့ အပြင် ဂျာမန်ထိပ်သီး ဘိုင်ယန်မြုးနစ်နှင့် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်းတို့ကလည်း ကာဟေးလ်ကို လေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
No comments:
Post a Comment